သင့်အကြောင်းကို သင် ထင်ထားတာထက် ပိုသိနေတဲ့ ဂူးဂဲလ်

1117-WI-APHIST-01_sq.jpg

လွန်ခဲ့တဲ့ ရက်သတ္တပတ်က နည်းပညာရပ်ဝန်းတွေ၊ နိုင်ငံရေးနယ်ပယ်တွေကြားမှာ ဖေ့စ်ဘုတ်က တစ်ဆင့် ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါက်ကြားမှုကိစ္စကြာင့် အတော်လေး အုပ်အုပ်ကျက်ကျက် ဖြစ်ခဲ့ပါတယ်။

ဖေ့စ်ဘုတ်ကို ဖျက်ပစ်ဖို့ လှုံ့ဆော်မှုတွေ ဖြစ်ပေါ်လာပြီး တော်တော်များများသော ကုမ္ပဏီတွေက သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေကို ဖျက်ပစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ် ဆိုရှယ်ဘဝတွေမှာ ဖေ့စ်ဘုတ်နှင့် ဂူးဂဲလ်ကို အဓိက အသုံးပြုနေကြပြီး ဖေ့စ်ဘုတ်လိုမျိုး ဂူးဂဲလ် ကလည်း ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စုဆောင်းမှတ်သားနိုင်စွမ်း ရှိတယ်ဆိုတာ သိရပါတယ်။ ဒါ့အပြင် ဂူးဂဲလ်က သင် မျှဝေဖို့ ရည်ရွယ်ချက်မရှိတဲ့ သတင်းအချက်အလက်တွေကိုပါ ဝင်ရောက်နိုင်စွမ်း ရှိတယ်ဆိုတာ သိထားရပါတယ်။

ဂူးဂဲလ် က လုပ်ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေဟာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ရှာဖွေမှုတွေက စပြီး စမတ်ဖုန်းတွေရဲ့ အဓိက အလုပ်လုပ်ဆောင်ချက်အပိုင်းတွေထိ ပါဝင်ပတ်သက်နေပါတယ်။

စမတ်ဖုန်းပေါ်မှာ လုပ်ဆောင်တဲ့စာရင်းသွင်းခြင်းတွေ၊ အချက်အလက် မျှဝေခြင်းတွေ အကုန်လုံးကို ဂူးဂဲလ်က မှတ်သားထားပါတယ်။ ဖုန်းဖွင့်တာကနေ စပြီး အပ်ပလီကေးရှင်း အသုံးပြုတာတွေ အထိ သင် လုပ်ဆောင်နေသမျှ ကို ဂူးဂဲလ် က မှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့လည်း သင်ကိုယ်တိုင် ဂူးဂဲလ်က သင့်အကြောင်း သိရှိနေတာတွေကို ထိန်းချုပ်နိုင်ပါတယ်။

ဂူးဂဲလ်ဟာ သင် အသုံးပြုနေတေဲ့ အန်းဒရွိက် စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်မှုတွေကို မောင်ပိုင်စီးထားပြီး သင် လုပ်ဆောင်နေသမျှ အကုန်လုံး ကို ခြေရာခံနေပါတယ်။ သင်ရဲ့အချက်အလက်တွေ ကို ဂူးဂဲလ်မြေပုံ မှာ ကြည့်ချင်ရင် ဂူးဂဲလ်မြေပုံရဲ့ စာမျက်နှာ (https://www.google.com/maps/timeline) မှာ စာရင်း အရင်သွင်းရပါမယ်။ ပြီးရင်တော့ ၂၀၀၉ခုနှစ် က စပြီး သင် သွားခဲ့သမျှနေရာတွေ အကုန်လုံး ကို သိရှိနိုင်လိမ့်မှာ ဖြစ်ပါတယ်။

ဂူးဂဲလ်အကောင့်တွေ နဲ့ ချိတ်ဆက်ထားတဲ့ အန်းဒရွိက် စမတ်ဖုန်းတွေ၊ ဘရောက်ဆာတွေနဲ့ အခြား ပစ္စည်းတွေမှာ ကျွန်တော်တို့ ဘာတွေလုပ်ထားတယ်ဆိုတဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်ချင်ရင် ဂူးဂဲလ်ရဲ့ ကိုယ်ပိုင်လုပ်ဆောင်မှု စာမျက်နှာ(https://myactivity.google.com/myactivity) ဆိုတဲ့ နေရာမှာလည်း စစ်ဆေးကြည့်ရှုနိုင်ပါတယ်။ ထိုနေရာ ကနေ ဂူးဂဲလ်Play Store မှာ သင်ရဲ့ လုပ်ဆောင်မှုတွေ၊ ဂူးဂဲလ် ရှာဖွေခြင်းကို အသုံးပြုပြီး သင် ရှာဖွေထားတာတွေ၊ အပ်ပလီကေးရှင်း အသုံးပြုမှုတွေ အကုန်လုံးကို ပြသနေပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်အချက်အလက် အကုန်လုံးကို နေ့စွဲအလိုက် စီစဉ်ထားပြီး ဂူးဂဲလ်ကလည်း ဒါတွေကို ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဂူးဂဲလ် ထုတ်ကုန်တွေ အသုံးပြုမှု ကို ရပ်ဆိုင်းလိုက်သင့်ပါတယ်။

အထက်တွင် ဖော်ပြထားတဲ့ လုပ်ဆောင်မှုတွေအပြင် သင်ရဲ့ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေကိုပါ ဂူးဂဲလ်က ကြော်ငြာမှုတွေ ပြုလုပ်ဖို့ ထောက်လှမ်းနေပါသေးတယ်။ သင့်ရဲ့ အွန်လိုင်း အသုံးပြုမှုအပေါ် အခြေခံပြီး ဘယ်လိုကြော်ငြာမျိုးတွေ ကြော်ငြာသင့်သလဲဆိုတာကို ဂူးဂဲလ် က နောက်ကွယ်ကနေ အမြဲ စီစဉ်နေတတ်ပါတယ်။ ဒီလိုကိစ္စတွေ ကနေ ရှောင်ရှားနိုင်စေဖို့ သင့်ရဲ့ အွန်လိုင်း အသုံးပြုမှုမှတ်တမ်းတွေကို ဖျက်ပစ်သင့်ပါတယ်။ ကျွန်တော်တို့တွေ က ကိုယ့်အတွက် ရည်ညွှန်းတဲ့ကြော်ငြာမျိုးတွေ ကို ကြည့်ချင်ရင်လည်း ကိုယ့်ရဲ့ အသက်၊ လိင် အစရှိသော အချက်အလက်တွေကို ဂူးဂဲလ် ကြော်ငြာသူများကို မျှဝေခြင်းက တစ်ဆင့် ကြည့်နိုင်ပါတယ်။

စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ အပ်ပလီကေးရှင်းတွေမှာ ပါမစ်ရှင် ဆိုတဲ့ ဘယ်အရာကိုတော့ ဝင်ရောက်ခွင့်ပြုမယ်၊ ဘယ်အရာကိုတော့ ဝင်ရောက် အသုံးပြုခွင့် မပေးဘူး ဆိုပြီး သတ်မှတ်နိုင်တဲ့ စွမ်းဆောင်ရည်တစ်ခု ပါဝင်နေပါတယ်။ ကျွန်တော်တို့ဟာ ပါမစ်ရှင် ကို အသုံးပြုပြီး ဝင်ရောက်ခွင့်တွေကို တားမြစ်နိုင်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ ဂူးဂဲလ် ကနေ ကျွန်တော်တို့ကို ကိုယ့်ရဲ့အချက်အလက်တွေ အကုန်လုံးကို ဒေါင်းလော့ခ်ဖိုင် တစ်ခုအဖြစ် ယူဆောင်ခွင့်ပြုထားပါသေးတယ်။ ထိုသို့ ယူဆောင်သွားမယ်ဆိုရင်တော့ ဂူးဂဲလ် Takeoutစာမျက်နှာ(https://takeout.google.com/settings/takeout) မှာ စာရင်း အရင်သွင်းဖို့ လိုအပ်ပါတယ်။ ထိုစာမျက်နှာ မှာ သင်ရဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ အပါအဝင် အခြားသော အချက်အလက် အကုန်လုံး ကို ဒေါင်းလော့ခ် ပြုလုပ်ဖို့ ပြင်ဆင်နိုင်ပါတယ်။ ဖိုင်အရွယ်အစားက များသောအားဖြင့် အတော်လေး ကြီးတဲ့အတွက် အကုန်လုံးအတွက် ဆိုရင်တော့ စိတ်ရှည်ဖို့တော့ လိုမှာ ဖြစ်ပါတယ်။

 

Ref: Financial express

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top