ဆန်တာကလော့တွေနဲ့အတူ ခရစ်စမတ်လက်ဆောင်အနေနဲ့ Mask တွေ လိုက်ဝေပေးခဲ့တဲ့ ထိုင်းဆင်ကြီးများ

24-12-2020-yyl01.jpg

ထိုင်းနိုင်ငံက ဆန်တာကလော့တွေကတော့ ခရစ်စမတ်အကြိုကာလမှာ ဆင်တွေစီးပြီး ခရစ်စမတ်လက်ဆောင်တွေ လိုက်ပေးခဲ့ပါတယ်။ ခရစ်စမတ်ဆင်ကြီးတွေနဲ့အတူ ဆန်တာကလော့တွေ ပေးခဲ့တဲ့ အခုနှစ်ရဲ့ခရစ်စမတ်လက်ဆောင်ကတော့ Mask တွေပါပဲ။ ဆင်တွေက Mask တွေ ပေးဝေနေတာဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့အန္တရာယ်နဲ့ပတ်သက်ပြီး သိမြင်မှုတွေတိုးလာစေဖို့အတွက် ရည်ရွယ်ခဲ့တာပါ။

ဆင်ကြီးတွေကလည်း ခရစ်စမတ်ဝတ်စုံနဲ့ ခရစ်စမတ်ဦးထုပ်တွေကို ဝတ်ဆင်ထားတဲ့အပြင် Mask ကိုလည်း ဝတ်ဆင်ထားတာတွေ့မြင်ရပါတယ်။ ဆင်ကြီးတွေက သူတို့ရဲ့နှာမောင်းနဲ့ Mask တွေထည့်ထားတဲ့ ခြင်းတောင်းကို ကိုင်ပြီး အနီးနားမှာ ဖြတ်သွားတဲ့ ကျောင်းသူ၊ကျောင်းသားတွေ၊ ဆိုင်ကယ်သမားတွေနဲ့ ကားမောင်းသမားတွေကို လိုက်ဝေပေးခဲ့တာပါ။ ဆန်တာကလော့တွေက ဆင်ကြီးတွေနဲ့အတူ Mask တွေလိုက်ပေးနေတာကတော့ အယုဒ္ဓအလယ်ပိုင်းပြည်နယ်မှာဖြစ်ပါတယ်။

“သူတို့တွေက ရယ်စရာကောင်းပြီး နှစ်သက်ဖို့ကောင်းတယ်။ အရမ်းချစ်ဖို့ကောင်းတယ်လို့ ထင်တယ်” လို့ အလယ်တန်းကျောင်းသားလေး Laksaporn Loetpiriyakamol က ဆိုပါတယ်။ ဆင်ကြီးတွေက ဒီဒေသတစ်ဝိုက်က ကျောင်းတွေကို နှစ်ကုန်တိုင်း လာရောက်ခဲ့တာက ဆယ်စုနှစ် (၂) နှစ်ရှိနေပါပြီ။ ခါတိုင်းနှစ်တွေဆိုရင် သူတို့ရဲ့နှာမောင်းတွေနဲ့ ချိုချဉ်နဲ့ အရုပ်တွေလို လက်ဆောင်တွေကို ပေးလေ့ရှိပါတယ်။ အခုနှစ်ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းအပြင်မှာပဲ နေရပြီး သူတို့ရဲ့နှာမောင်းနဲ့ Mask တွေထည့်ထားတဲ့ ခြင်းတောင်းကို ကိုင်ပြီး လိုက်ပေးခဲ့ပါတယ်။

“ဒီဆင် (၄) ကောင်ကို Mask ဝတ်ဖို့၊ လက်ဆေးဖို့နဲ့ အစိုးရရဲ့လမ်းညွှန်ချက်တွေကို လိုက်နာဖို့ လူတွေကို တိုက်တွန်းနေတဲ့ ထိုင်းဆန်တာကလော့တွေအဖြစ် ကိုယ်စားပြုချင်တာပါ” လို့ ဒေသတွင်းဆင်စခန်းက Itthi Pankhawlamai က ပြောပါတယ်။ “နည်းနည်းတော့ စိတ်လှုပ်ရှားပြီး ဝမ်းနည်းမိတယ်။ ဆင်ကြီးတွေက ကျောင်းထဲကို ဝင်လို့မရလို့ပါ” လို့ ကျောင်းပေါက်ဝမှာ ရှိနေတဲ့ ဆင်ကြီးတွေကို လာနှုတ်ဆက်တဲ့ အသက် (၁၂) အရွယ် Pacharamon Sukphiromsanti က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက ဘန်ကောက်အနီးနားက ပင်လယ်စာစင်တာမှာ အဆိုးရွားဆုံးကိုဗစ်ရောဂါကူးစက်ခံရမှုဖြစ်ပွားခဲ့တာကို အတည်ပြုပြီးတဲ့နောက်မှာ သတိပေးချက်တွေ ထုတ်ပြန်တိုက်တွန်းနေပါတယ်။

Ref: Reuters “Santa rides elephants to Thai town, bearing gifts of face masks”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top