ခြင်္သေ့မျက်နှာလူသား

11-7-2022-27.jpg

၁၉၀၀ ပြည့်နှစ်တစ်ဝိုက်က ဥရောပမှာ ခြင်္သေ့မျက်နှာလူသားဆိုတဲ့ ကလေးတစ်ယောက်ကို ရုံသွင်းပြသခဲ့ဖူးတယ်။ သူ့နာမည်က စတီဖန်ဘီဘရောစကီး(Stephan Bibrowski)ပါ။

မွေးကတည်းက ခန္ဓာကိုယ်တစ်ခုလုံး အမွေးအမျှင်တွေ ဖုံးလွှမ်းနေပြီး ၄ နှစ်သားအရွယ်မှာပဲ သူ့အမေက သူ့ကို ဆပ်ကပ်သမားတစ်ယောက်ဆီ ပေးပစ်ခဲ့တာပါ။

ရုံသွင်းပြသခံရချိန်မှာ သူ့မျက်နှာအမွေးက ၇.၉ လက်မ၊ သူ့ခန္ဓာကိုယ် တခြားနေရာတွေမှာ အမွေး ၃.၉ လက်မ ရှိနေပါပြီ။ လက်ဖဝါးနဲ့ ခြေဖဝါးတွေကလွဲရင် ခန္ဓာကိုယ်တစ်ခုလုံး အမွေးအမျှင်တွေ ဖုံးလွှမ်းနေခဲ့တာပါ။

၁၉၀၁ ခုနှစ်မှာတော့ သူက အမေရိကန်ကို ရွှေ့ပြောင်းလာခဲ့ပြီး ကမ္ဘာကျော် ဖျော်ဖြေပွဲတွေရှိရာ နယူးယော့ခ်မြို့၊ Coney Island မှာ အထင်ကရ ဖျော်ဖြေသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ သူဟာ hypertrichosis ဆိုတဲ့ ရှားပါးရောဂါတစ်မျိုး ခံစားနေရပုံပေါ်ပြီး အသက် ၄၁ နှစ်အရွယ်မှာ နှလုံးဖောက်ကာ ကွယ်လွန်ခဲ့ပါတယ်။

Ref:Stephan Bibrowski

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top