WFH ကို တရားဝင်အခွင့်အရေး သတ်မှတ်ပေးဖို့ နယ်သာလန်လွှတ်တော် ဆောင်ရွက်နေ

11-7-2022-28.jpg

နယ်သာလန်နိုင်ငံမှာ ရုံးမတက်ဘဲ အိမ်ကနေ အလုပ်လုပ်ခွင့်(WFH- Work from Home)ကို တရားဝင်အခွင့်အရေးအဖြစ် ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က နယ်သာလန် အောက်လွှတ်တော်မှာ WFH ကို တရားဝင်အခွင့်အရေးအဖြစ် သတ်မှတ်ပေးမယ့် ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။

အထက်လွှတ်တော်နဲ့ ဘုရင်က အတည်ပြုပြီးရင် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်မှာပါ။ အဲဒီဥပဒေကြမ်းအရ အလုပ်သမားတွေက WFH လုပ်မယ်လို့ တောင်းဆိုလာရင် အလုပ်ရှင်အနေနဲ့ မဖြစ်မနေ စဉ်းစားပေးရမှာဖြစ်ပြီး တောင်းဆိုချက်ကို လက်မခံခဲ့ရင် ဘာကြောင့် လက်မခံနိုင်သလဲဆိုတဲ့ ဖြေရှင်းချက်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းဟာ လုပ်ငန်းခွင်နဲ့ လူနေမှုဘဝဟန်ချက် ပိုကောင်းစေပြီး၊ ရထား၊ ကား စီးရတဲ့အချိန်ကို လျှော့ချပေးနိုင်မှာဖြစ်လို့ အလုပ်သမားတွေအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ အောက်လွှတ်တော်အမတ် ဆန်နာမာတောက်က ဆိုပါတယ်။

Ref: Netherlands To Make Work-From-Home A Legal Right

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top