တွစ်တာကုမ္ပဏီ အရောင်းအဝယ် ဖျက်သိမ်းဖို့ အီလွန်မက်စ် ကြိုးပမ်းနေ

11-7-2022-29.jpg

တွစ်တာဘက်က spam ၊ အကောင့်တု အရေအတွက်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပေးအပ်ဖို့ ပျက်ကွယ်တယ်ဆိုပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က ဒေါ်လာ ၄၄ ဘီလျံတန် အရောင်းအဝယ်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပါတယ်။

တွစ်တာဘုတ်အဖွဲ့က သူတို့ပလက်ဖောင်းမှာ spam ၊ အကောင့်တု ၅ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ ဆိုပေမဲ့ အီလွန်မက်စ်ကတော့ ၂၀ ရာခိုင်နှုန်းအထက် ရှိနေမယ်လို့ တုံ့ပြန်ထားပါတယ်။

တွစ်တာကတော့ အီလွန်မက်စ်ရဲ့ အရောင်းအဝယ်ဖျက်သိမ်းမယ့်ကိစ္စကို လက်မခံဘဲ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အီလွန်မက်စ်နဲ့ တွစ်တာတို့ မူလသဘောတူညီထားတဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းခဲ့ရင် ဒေါ်လာ ၁ ဘီလျံ နစ်နာကြေး ပေးရမယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။

အီလွန်မက်စ်က တွစ်တာကုမ္ပဏီ အရောင်းအဝယ်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပြီလို့ သတင်းထွက်ပေါ်လာပြီးနောက်မှာပဲ တွစ်တာရဲ့ ရှယ်ယာတန်ဖိုးက ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

Ref: Elon Musk pulls out of $44bn deal to buy Twitter

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top