ဓာတ်လှေကားများမှ အပိတ်ခလုတ် အများစုဟာ အလုပ်မလုပ်အောင် ပြုလုပ်ထား

180328ElevatorButtons.jpg

ဓာတ်လှေကား ၁၀ ခုမှာ ၈ ခုထဲ ပါဝင်တဲ့ အပိတ်ခလုတ် ဟာ တကယ် အလုပ်မလုပ်ကြောင်း သိရပါတယ်။ ယင်းကို အမေရိကန်အခြေစိုက် ဓာတ်လှေကား ပြတိုက်မှ ပညာရှင်တစ်ဦးမှ ထွက်ဆိုပြောပြခဲ့ခြင်း ဖြစ်ပါတယ်။ အပိတ်ခလုတ်ကို တမင်တကာ ထည့်ထားရုံသာ ဖြစ်ပြီး တကယ်တန်း ပိတ်ဖို့အတွက် နှိပ်တဲ့အခါ တကယ်အလုပ်မလုပ်ကြောင်း ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်မို့လည်း သူ့ကို အလုပ် မလုပ်အောင် ထားထားခြင်း ဖြစ်ပါတယ်။ ဘာကြိုးနဲ့မှ ချိတ်ထားခြင်း မရှိတာကြောင့် သူ့ကို နှိပ်ရင်လည်း ဘာမှတော့ မထူးပါဘူး။ အချို့ကျတော့ စိတ်လောပြီး ပိတ်ဖို့ ကြိုးစားတဲ့အခါ အချိန်လည်း သူ့ဘာသာသူ ကုန်ဆုံးတာကြောင့် အလိုအလျောက်ပိတ်တာလည်း ရှိပါတယ်။ ဒါကြောင့်မို့ ဓာတ်လှေကားကို တကယ်ပိတ်စေချင်တယ်ဆိုရင် နည်းလမ်းက လက်ကို ဓာတ်လှေကား တံခါးပေါက်မှာ ဝေ့ရမ်းလိုက်ဖို့ ဖြစ်ပါတယ်။ ဒီလို ဝှေ့ရမ်း လိုက်တဲ့ အခါမှသာ လူတစ်ယောက်ယောက် ဝင်သွားတယ်ဆိုပြီးတော့ ဓာတ်လှေကားရဲ့ အာရုံခံကိရိယာ (Sensor) က မှတ်သားမိသွားပြီး တံခါးပေါက် ပိတ်သွားပါလိမ့်မယ်။ Program ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

အပိတ်ခလုတ်ကို ထားသာထားပြီး တကယ်အလုပ်မလုပ်စေတဲ့ ရည်ရွယ်ချက်တွေထဲမှာ အခြားလူများ ဝင်ရန် ကြိုးစားချိန် ပိတ်မိမှာ စိုးတာကြောင့်လဲ ပါဝင်ပါတယ်။ အပိတ်ခလုတ် တကယ် အလုပ်လုပ်တဲ့ ဓာတ်လှေကားမှာတော့ ခလုတ်နှိပ်ပြီး ပိတ်လိုက်သည့်တိုင် လူတစ်ယောက် ဝင်တယ်လို့ အာရုံခံကိရိယာက အာရုံခံမိတဲ့အခါ မပိတ်ပဲ ပြန်ဖွင့်တတ်ပါတယ်။ အဓိကကတော့ ဘယ်လိုပဲ ပိတ်ပိတ် လူ ညှပ်မနေအောင်၊ မတော်တဆ ထိခိုက်မှု မဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အာရုံခံကိရိယာမကောင်းတဲ့ ဓာတ်လှေကား ဖြစ်ရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဓာတ်လှေကား  ထိန်းသိမ်း စစ်ဆေးရေးကို ပုံမှန် လုပ်ဆောင်ပေးရန် လိုအပ် ပါတယ်။

Ref: Brick Underground ‘s Article : ” Why elevator “close” buttons don’t work ”

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top