ချဉ်မြမြ ပင်မှည့်သီး၏ ကောင်းကျိုးများ

passion-fruit-large.jpg

ပင်မှည့်သီးဖျော်ရည်ကို တော်တော် များများ သောက်သုံးဖူးပြီးဖြစ်မှာပါ။ ပုံသဏ္ဍာန်က ကြက်ဥနဲ့ ဆင်ပါတယ်။ အရောင်ကတော့ မင်းကွတ်သီး မှည့်သွားတဲ့အရောင်မျိုးပါ။ အသီးကို အလျားလိုက် ထက်ခြမ်းခွဲ၊ အစေ့ကို စစ်ထုတ်ပြီး၊ အဝါရင့်ရောင်အသားကို အများအားဖြင့် ဖျော်ရည်အဖြစ် သောက်သုံးတတ်ကြပါတယ်။

ပင်မှည့်သီးမှာ မြောက်များလှစွာသော အမျှင်ဓာတ်၊ ဗီတာမင် (A, C, B2, B3, B6)၊ သတ္တုဓာတ်၊ anti-oxidants နှင့် ရေဓာတ်များစွာပါဝင်ပါတယ်။

အမျှင်ဓာတ်က အစာခြေဖျက်မှုစနစ်ကို အထောက်အပံ့ဖြစ်စေပြီး ဝိတ်ချဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ သွေးအတွင်း ဂလူးကို့စ်ဝင်ရောက်မှုကို နှေးကွေးစေသလို ကိုလက်စတရော ပမာဏကိုလည်း လျော့ချပေးသည်။ ကင်ဆာဖြစ်စေသည့် အဆိပ်အတောက် (toxic substances) များကိုလည်း လျော့ကျစေသည်။

ဗီတာမင်ဓာတ်များထဲမှ A, C, B2, B3, B6 ဓာတ်များ ပါဝင်သည်။ အထူးသဖြင့် ဗီတာမင် စီ နှင့် အေ ကြွယ်ဝစွာ ပါဝင်သည်။ ဗီတာမင်စီက ခန္ဓာကိုယ်အတွင် တုပ်ကွေးကဲ့သို့သော ရောဂါပိုးများ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးသည်။ ဗီတာမင်အေက မျက်စိ၊ အရည်ပြား၊ သွား နှင့် အရိုး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ပင်မှည့်သီးတွင် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေသည့် သံဓာတ်၊ magnesium၊ phosphorus၊ ပိုတက်စီယမ် နှင့် copper အစရှိတဲ့ သတ္တုဓာတ်များစွာလည်း ပါဝင်ပါသေးသည်။ ပင်မှည့်သီးတွင် ပါဝင်သည့် သတ္တုဓာတ်များက ခန္ဓာကိုယ်တွင်း ရေဓာတ်နှင့် အက်ဆစ်ဓာတ်ကို ထိန်းညှိပေးသည်။ ထို့အပြင် သွေးဖိအားကိုလည်း ပုံမှန်အတိုင်း လည်ပတ်စေသည့်အတွက် နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေသေးသည်။ ပင်မှည့်သီးက အလှအပအတွက်ကော၊ ကျန်းမာရေးအတွက်ကော ကောင်းမွန်စေတဲ့အတွက် စာဖတ်သူတို့ကို မြည်းစမ်းစေချင်မိပါတယ်။

အချက်အလက်များကို Happy and Raw နှင့် Nutrition and You ဝက်ဆိုဒ်များမှ ကူးယူဖော်ပြထားသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top