အိမ်ရာမဲ့တွေ နွေးထွေးစေဖို့ အပူပေးစောင် ဖန်တီးခဲ့တဲ့ ၁၂ နှစ်အရွယ် ကျောင်းသူ

heat1.jpg

စကော့တလန်နိုင်ငံ ဂလက်စကိုမြို့မှ အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး ရေဗက္ကာယန်းဟာ ချမ်းအေးတဲ့ ညတွေမှာ အိမ်ရာမဲ့တွေ နွေးထွေးစွာ နေခွင့်ရစေဖို့အတွက် ဆိုလာစွမ်းအင်သုံး အပူပေးစောင်တွေကို တီထွင်ဖန်တီးခဲ့ပါတယ်။


ရေဗက္ကာယန်းဟာ ကျောပိုးအိတ်မှာ ဆိုလာပြားတွေ တပ်ဆင်ပြီး စောင်ကို အပူပေးထားနိုင်အောင် ဖန်တီးခဲ့တာပါ။ သူ့ရဲ့ဖန်တီးမှုကြောင့် ဗြိတိန်နိုင်ငံ မူလတန်းအဆင့် အင်ဂျင်နီယာပြိုင်ပွဲမှာ မက်ရောဘတ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အင်ဂျင်နီယာလုပ်ငန်းစု Thales ဟာ ရေဗက္ကာ ဒီဇိုင်းဖန်တီးထားတဲ့ အပူပေးစောင်ကို ပုံစံငယ်ထုတ်လုပ်ခဲ့ပြီး အိမ်ရာမဲ့တွေအတွက် ထုတ်လုပ်ပေးနိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။

Ref: Girl, 12, designs solar-powered blanket for homeless

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top