တရုတ်နိုင်ငံမြောက်ပိုင်းမှာ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျလို့ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၃ မိနစ်အချိန်မှာ မိုင်းတွင်းပြိုကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကယ်တင်နိုင်ခဲ့သူ ၆ ယောက်ပဲ ရှိပါသေးတယ်။
မိုင်းတွင်းပြိုကျရာနေရာမှာ ကယ်ဆယ်ရေးသမား ၂၀၀ ကျော် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ပြိုကျခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းဟာ မွန်ဂိုလီးယားအတွင်းပိုင်းဒေသမှာ တည်ရှိပြီး ရှင်ကျင်းကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီက လုပ်ကိုင်နေတဲ့ မိုင်းတွင်းပါ။
Ref: Search and rescue mission launched after coal mine collapses in China
NZ (ရိုးရာလေး)