ရေပြင်အပူလှိုင်းဖြတ်လို့ သန္တာကျောက်တန်းတွေ ရုတ်တရက် သေဆုံးနိုင်

ocean.jpg

ရေပြင်အပူလှိုင်းဖြတ်လို့ သန္တာကျောက်တန်းတွေ ရုတ်တရက် သေဆုံးနိုင်

ရေပြင်အပူလှိုင်းဖြတ်မှု သိသိသာသာ မြင့်တက်လာလို့ သန္တာကျောက်တန်းတွေ ရုတ်တရက်သေဆုံးရနိုင်ဖွယ်ရှိတယ်လို့ ဧရာမသန္တာကျောက်တန်း(Great Barrier Reef)မှာ လေ့လာမှုလုပ်နေတဲ့ သိပ္ပံပညာရှင်တွေ့ ပြောပါတယ်။ ရေပြင်အပူလှိုင်းဖြတ်တာကလည်း ကုန်းမြေပေါ်မှာ အပူလှိုင်းဖြတ်သလိုပဲ ရာသီဥတုပြောင်းလဲမှုနဲ့ သက်ဆိုင်နေပါတယ်။ အပူချိန်ပြင်းထန်တဲ့အတွက် သန္တာကျောက်တန်းတွေ ဆွေးမြေ့မှုက အရင်တုန်းက ထင်ထားတာထက် ပိုမြန်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အပူချိန်ပြင်းထန်မှုကြောင့် သန္တာကျောက်တန်းတွေရဲ့ ကျစ်လျစ်ခိုင်မာမှု ၁၅ ရာခိုင်နှုန်း အားနည်းသွားပြီး အပိုင်းပိုင်းအစစ ပဲ့ထွက်လာနိုင်တယ်လို့ အဲဒီလေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။ ရှင်သန်နေတဲ့ သန္တာကျောက်တန်းတွေ ထိခိုက်ပျက်စီးမှုဟာ ရေနေဂေဟစနစ် တစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေနိုင်တယ်လို့ သုတေသီတစ်ယောက်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top