သမိုင်းဝင်အခိုက်အတန့်ကို ပထမဆုံး ဖြတ်သန်းမိခဲ့တဲ့ လမ်းဘေးခွေးလေး

6.2.2025-yyl-7.jpg

ရိုမေးနီးယားနိုင်ငံက အီးယူရဲ့ ဗီဇာကင်းလွတ်ခွင့်ရ ရှန်ဂန်ဒေသထဲ ဝင်ရောက်ခဲ့ပြီးနောက် ဟန်ဂေရီနဲ့ နယ်စပ်စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ပြီးချိန်မှာ ပထမဆုံး ဖြတ်သန်းခဲ့တာကတော့ ခွေးတစ်ကောင် ဖြစ်နေခဲ့ပါတယ်။

သမိုင်းဝင်အခိုက်အတန့်မှာ မယောင်မလည်နဲ့ နယ်စပ်ဖြတ်ကျော်ခဲ့တဲ့ လမ်းဘေးခွေးတစ်ကောင်ကို နယ်စပ်စစ်ဆေးရေး တာဝန်ကျ ရဲအရာရှိတွေက လက်ခုပ်သြဘာပေးခဲ့ကြပြီး ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။

လူမှုကွန်ရက်မှာ အဲဒီဓာတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ ဆန်ဂါနယ်စပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျခဲ့ဖူးတဲ့ ရဲအရာရှိတစ်ယောက်က အဲဒီခွေးလေးကို လိုက်ရှာပြီး ကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ချိန်မှာ ပထမဆုံး ဖြတ်သန်းမိခဲ့တဲ့ လမ်းဘေးခွေးလေးကတော့ အခုဆိုရင် သခင်သစ်ရဲ့အိမ်မှာ ပျော်ရွှင်နေပြီလို့ သိရပါတယ်။

Ref: Stray Dog Accidentally Becomes First To Cross Romania-Hungary Border During Historic Moment
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top