စာမေးပွဲခန်းအတွင်း မိန်းကလေး (၅၀၀) ကြား ယောကျ်ားလေးဆိုလို့ သူတစ်ယောက်တည်းမှန်းသိပြီး မူးလဲသွားသူ

23.2.2023-image-2.jpg

အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသားလေးတစ်ယောက်ဟာ စာမေးပွဲခန်းအတွင်း မူးလဲသွားခဲ့ပါတယ်။ စာမေးပွဲမေးခွန်းတွေကြောင့် မူးလဲသွားတာတော့မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံ၊ ဘီယာပြည်နယ်က မာနစ်ရှ် ရှန်ကာ ပရာဆတ်ဆိုတဲ့ အဲဒီကျောင်းသားလေးက Allama Iqbal College ကဖြစ်ပြီး သင်္ချာစာမေးပွဲဖြေဖို့အတွက် Brilliant Convention School မှာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ မိန်းကလေး အယောက် ၅၀၀ နဲ့ ပြည့်နေတဲ့ စာမေးပွဲခန်းထဲမှာ ယောကျ်ားလေးဆိုလို့ သူတစ်ယောက်တည်းရှိတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာ မူးလဲသွားခဲ့တာဖြစ်တယ်လို့ Asia News International နဲ့ သတင်းဌာနများစွာက ဖော်ပြပါတယ်။

ရှန်ကာက အဖျားလည်းတက်လာပြီး Sadar ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပါတယ်။ သူ့ရဲ့အခြေအနေက တည်ငြိမ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီလအစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ANI သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ စာမေးပွဲခန်းအတွင်း မိန်းကလေးတွေနဲ့ပြည့်နေတာကို မြင်ပြီး သူ့ရဲ့တူဖြစ်သူက ကြောက်ရွံ့ပြီး မူးလဲသွားခဲ့တာဖြစ်တယ်လို့ ရှန်ကာရဲ့အဒေါ်က ပြောပါတယ်။ အင်တာဗျူးဗီဒီယိုထဲမှာ ကျောင်းသားလေးရဲ့ဖျော့တော့နေတဲ့မျက်နှာဖြစ်နေပေမဲ့ အဒေါ်ဖြစ်သူရဲ့ ပြုံးရွှင်နေတဲ့မျက်နှာအမူအရာကြောင့် အဲ့ဒီဗီဒီယိုက တွစ်တာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အခြားဗီဒီယိုတွေမှာ ကျောင်းသားလေးကို ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေတာကို တွေ့ရပေမဲ့ အကြိမ်ပေါင်းများစွာ မေးရင်တောင် စကားတစ်လုံးမှ မပြောခဲ့ပါဘူး။

Ref: Student, 17, in India faints after finding himself in exam centre with 500 girls

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top