တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ အမေရိကန်နိုင်ငံထံ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ကလေးအမေတစ်ယောက်က ခရီးသည်အားလုံးကို အိတ်လေး တစ်လုံးဆီ လိုက်ပေးတယ်။ အိတ်ထဲမှာ သကြားလုံး၊ ပီကေနဲ့ နားစို့ဂွမ်းလုံးလေးတွေ ပါတယ်။ ပြီးတော့ စာတစ်စောင်လည်း ပါတယ်။
” မင်္ဂလာပါ။ သားနာမည်က ဂျန်ဝူးလို့ ခေါ်ပါတယ်။ ၄ လသား ရှိပါပြီ။ မေမေရယ်၊ ဘွားဘွားရယ်နဲ့အတူ ဒေါ်လေးရှိတဲ့ အမေရိကကို အလည်သွားမလို့ပါ။ သားဘဝမှာ ပထမဆုံး လေယာဉ်စီးဖူးတာဖြစ်လို့ နည်းနည်းစိုးရိမ် ထိတ်လန့်မိတယ်၊ ကြောက်မိတယ်။ သား ငြိမ်ငြိမ်နေနိုင်အောင် ကြိုးစားပါ့မယ်။ ဒါပေမဲ့ သေချာပေါက်တော့ ကတိမပေးနိုင်ဘူး။ တကယ်လို့ သားအသံ အရမ်းကျယ်သွားခဲ့ရင် နားစို့ဂွမ်းလုံးလေးကို သုံးပါ။ ခရီးစဉ်မှာ ပျော်ရွှင်ပါစေ။ ကျေးဇူးတင်ပါတယ်”လို့ စာထဲမှာ ရေးသားထားပါတယ်။
မိခင်ဖြစ်သူက သူ့သားငယ်ကြောင့် တခြားခရီးသည်တွေ အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်လို့ ကြိုတင်တောင်းပန်ခဲ့တာပါ။ ခရီးစဉ်က ၁၀ နာရီကြာပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၂၀၀ ကျော် ပါပါတယ်။ ဒီလုပ်ရပ်က တပါးသူရဲ့ လွတ်လပ်ခွင့်ကို လေးစားတဲ့ အလေ့အထတစ်ခုပဲလို့ ခရီးသည်တွေက ချီးကျူးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က သတင်းတစ်ပုဒ်ကို ပြန်လည်ရေးသားဖော်ပြပေးတာ ဖြစ်ပါတယ်။
Ref: Mother on flight to SFO from Seoul passes out 200 bags of candy, earplugs in case baby cries
NZ ( ရိုးရာလေး)