၁၇၄၁ မိုင်ဆက်တိုက် မရပ်မနားခုတ်မောင်းပြီး ဂင်းနက်စ်စံချိန်တင်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား

1.4.24-yyl-2.jpg

ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လျှပ်စစ်ရထားဟာ ၁၇၄၁ မိုင်ဆက်တိုက် မရပ်မနား ခုတ်မောင်းပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ Stadler ကုမ္ပဏီက ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ခရီးသည်တင်ရထား ပုံစံငယ်ကို ကော်လိုရာဒိုပြည်နယ် စမ်းသပ်ကွင်းမှာ စမ်းသပ်မောင်းနှင်ခဲ့တာပါ။

FLIRT-H2 လို့ အမည်ရတဲ့ ဒီရထားမှာ လူစီးတွဲ ၂ တွဲပါဝင်ပြီး တွဲ၂တွဲကြားမှာ စွမ်းအင် သိုလှောင်ကန်နဲ့ ချိတ်ဆက်ထားပါတယ်။ လောင်စာကန်တွေထဲမှာ ဟိုက်ဒရိုဂျင် ထည့်ထားပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်တာပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ရထားပို့ဆောင်ရေးစနစ်အပေါ် အာရုံစိုက်မှု မြင့်မားလာပြီး ကယ်လီဖိုးနီးယားပြည်နယ်က FLIRT H2 ရထား ၄ စီး မှာယူထားတယ်လို့ Stadler ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်က ဆိုပါတယ်။

Ref: Stadler’s FLIRT H2 Sets New Guinness World Record for Hydrogen-Powered Trains

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top