လေကြောင်းခရီးအကွာအဝေး မိုင်သန်း ၂၀ ကျော် သွားခဲ့သူ

29.5.24-yyl-5.jpg

၁၉၉၀ ပြည့်နှစ်မှာ တွမ်စတူကာလို့ အမည်ရတဲ့ ကားအကျိုးဆောင်တစ်ယောက်က ယူနိုက်တက်လေကြောင်းလိုင်းကနေ တစ်သက်တာလေယာဉ်စီးနင်းခွင့်ကို အမေရိကန်ဒေါ်လာ ၂၉၀၀၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီတုန်းက ကာလပေါက်ဈေး ငွေကြေးပမာဏနဲ့ဆိုရင် တော်တော်များတဲ့ပမာဏပါ။

ဒါပေမဲ့ တွမ်စတူကာက ယူနိုက်တက်လေကြောင်းလိုင်းရဲ့ ဘယ်ခရီးစဉ်မှာမဆို ပထမတန်းကနေ စီးနင်းလိုက်ပါခွင့်ရခဲ့ပြီး သူက နိုင်ငံပေါင်း ၁၀၀ ကျော်ကို သွားရောက်လည်ပတ်ခဲ့တယ်။ သူ စီးနင်းလိုက်ပါခဲ့တဲ့ ခရီးမိုင်အကွာအဝေးက မိုင်ပေါင်းသန်း ၂၀ ရှိပြီး လေကြောင်းလိုင်းသမိုင်းမှာ ခရီးမိုင်အများဆုံး စီးနင်းလိုက်ပါခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း သူ လိုက်ပါခဲ့တဲ့ ခရီးစဉ်အကွာအဝေးက လကမ္ဘာခရီးစဉ် ၆ ခေါက် သွားတာထက် ပိုများပါတယ်။ တစ်သက်တာလေယာဉ်စီးနင်းခွင့် ဝယ်ယူခဲ့ပြီးနောက်ပိုင်း တွမ်စတူကာရဲ့ လေယာဉ်ခနဲ့ ခရီးဆောင်အိတ် တင်ဆောင်ခက အမေရိကန်ဒေါ်လာ ၂.၃၇ သန်းအထိ ရှိခဲ့ပြီး တစ်သက်တာစီးနင်းခွင့်လက်မှတ်ကြောင့် အကုန်အကျ တော်တော်သက်သာခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ဘဝတစ်လျှောက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလို့ တွမ်စတူကာက ဆိုခဲ့တာပါ။

Ref: Tom Stuker

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top