ဥရောပသမဂ္ဂက ဂူဂဲလ်ကို ယူရို ၂.၄ ဘီလျံ ဒဏ်ရိုက်

eu-tech-google.jpg

ဂူဂဲလ်ကုမ္ပဏီဟာ search engine ကိုအသုံးပြုပြီး အွန်လိုင်းဈေးကွက်ကို ချုပ်ကိုင်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ဥရောပသမဂ္ဂက စံချိန်တင်ဒဏ်ငွေအဖြစ် ယူရို ၂.၄ ဘီလျံ ချမှတ်လိုက်ပါတယ်။

ဂူဂဲလ်ကနေတစ်ဆင့် ပစ္စည်းတစ်ခုခုရှာတဲ့အခါ ဂူဂဲလ်ကုမ္ပဏီက သူတို့ရဲ့ online shopping ပေါ်က ပစ္စည်းတွေကိုပဲ အရင်ဆုံးဖော်ပြခဲ့တယ်လို့ ဥရောပသမဂ္ဂက ဆိုပါတယ်။ ဥရောပသမဂ္ဂဟာ ဒီကိစ္စအတွက် ၇ နှစ်ကြာ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီးနောက်မှာ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဂူဂဲလ်ကတော့ သူတို့အနေနဲ့ ရှာဖွေမှုလုပ်တဲ့သူတွေ လိုချင်တဲ့ပစ္စည်းကို အလွယ်တကူ ရှာနိုင်အောင် Search engine ကို အခုလိုဖော်ပြပေးတာလို့တုံ့ပြန်ပြီး စွပ်စွဲမှုကို ငြင်းဆန်ထားပါတယ်။

The EU flag is seen with Google logo. (Photo by Jaap Arriens/NurPhoto via Getty Images)

ဒါ့အပြင် ဂူဂဲလ်အနေနဲ့ ရက် ၉၀ အတွင်း ဈေးကွက်ယှဉ်ပြိုင်မှုကို ဖီလာဆန့်ကျင်နေတဲ့လုပ်ရပ်တွေကို ရပ်တန်းကမရပ်ဘူးဆိုရင် သူတို့မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ကုမ္ပဏီရဲ့ တစ်နေ့ပျမ်းမျှဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ်ပေးဆောင်ရမယ်လို့ ဥရောပသမဂ္ဂက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီပြစ်ဒဏ်တွေအတွက် ဂူဂဲလ်အနေနဲ့ အယူခံဝင်ခွင့်တော့ ရှိနေပါတယ်။

Ref: Google fined record €2.4bn by EU over search engine results
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top