လာရောက်လည်ပတ်သူတွေ မျက်စိကျနေတဲ့ “Joker” ရုပ်ရှင်ကားမှ ဇာတ်ဝင်ခန်းနေရာ

yyl-21-026.jpg

အခုလအစောပိုင်းမှာ ရုံတင်ပြသခဲ့တဲ့ “Joker” ရုပ်ရှင်ကားရဲ့ အမာခံပရိသတ်တွေကတော့ “Joker Stairs”လို့ ခေါ်တွင်နေတဲ့ လှေကားပေါ်မှာ ဂျိုကာတစ်ယောက်လို့ Pose ပေးပြီး ဓာတ်ပုံရိုက်ကူးမှုတွေ ရှိနေပါတယ်။ Joaquin Phoenix ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျိုကာဟာ “Rock and Roll Part 2” သီချင်းနဲ့ လှေကားထစ်ပေါ်ကနေ ကပြီးဆင်းလာတာကို “Joker”ရုပ်ရှင်ကားကြည့်ပြီးသွားတဲ့သူတွေက သိကြမှာပါ။ အဲဒီအခန်းက တော်တော်လေးနာမည်ကြီးသွားခဲ့ပြီး Gif အနေနဲ့တောင် အသုံးပြုနေကြပါတယ်။

အခုဆိုရင် ဂျိုကာ ကပြီးဆင်းလာတဲ့အဲဒီလှေကားထစ်က နယူးယောက်မြို့မှာ အလည်အပတ်လာရောက်သူတွေကို ဆွဲဆောင်ထားတဲ့နေရာတစ်ခု ဖြစ်နေပါတယ်။ အဲဒီနေရာက The Bronx မှာ တည်ရှိပြီး အရင်က နာမည်ဆိုးရှိခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ပြစ်မှုတော်တော်များများ ဖြစ်ပွားတဲ့အတွက် ဒီနေရာကို လာရောက်လည်ပတ်တဲ့သူ မရှိသလောက်ပါပဲ။ အခုတော့ အဲဒီနေရာက ပြောင်းလဲသွားပါပြီ။ ဂျိုကာလှေကားကို လူတော်တော်များလာရောက်ပြီး ဓာတ်ပုံရိုက်ကူးနေတဲ့ပုံတွေကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။

“Joker” ရုပ်ရှင်ကားက စရုံတင်ချိန်မှာပဲ ဝင်ငွေ ဒေါ်လာ (၉၆) သန်းနဲ့ Box Office စာရင်းဝင်ခဲ့ပြီး အခုတော့ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးရုပ်ရှင်ကားစာရင်းမှာ ဒေါ်လာ (၇၃၇) သန်းကျော်နဲ့ နံပါတ် (၈) နေရာကို ရရှိထားပါတယ်။ 76th Venice International Film Festival ပွဲမှာ Golden Lion ဆုကို ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။

Ref: CNN “The ‘Joker’ stairs might be New York’s latest tourist attraction”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top