အင်တာနက် တစ်မိနစ် ပြတ်တောက်မှာမို့ ကြိုအသိပေး တောင်းပန်တဲ့ ဂျပန်ဟိုတယ်

7.6.2024-yyl-1.jpg

မနက် ၄ နာရီအချိန်မှာ အင်တာနက် တစ်မိနစ်ပြတ်တောက်တယ်ဆိုတာ အများစုအတွက်တော့ အသေးအမွှားကိစ္စလေး တစ်ခုပါပဲ။ ဒါပေမဲ့ ဂျပန်နိုင်ငံမှ ဟိုတယ်တစ်ခုကတော့ သူတို့ရဲ့ ဧည့်သည်တော်တွေအပေါ် လေးစားမှုထားရှိပြီး ဒီအကြောင်းကို ကြိုတင်အသိပေး တောင်းပန်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ Palace Hotel Tokyo ဟာ ပြီးခဲ့တဲ့ဧပြီလ ၁၄ ရက်၊ နံနက် ၄ နာရီအချိန်မှာ လျှပ်စစ်ဓာတ်အား အရေးပေါ် ပြင်ဆင်ရမယ့်ကိစ္စအတွက် ၁ မိနစ်နီးပါး အင်တာနက်လိုင်း ပြတ်တောက်မှာကို ကြိုတင်အသိပေး တောင်းပန်သွားခဲ့တာပါ။ လူအများစု အိပ်ချိန် ဖြစ်ပေမဲ့ အဲဒီအချိန်မှာ အင်တာနက်အသုံးပြုမယ့်သူ တစ်ဦးတစ်ယောက် ရှိနေခဲ့ရင်ဆိုတဲ့ ထည့်သွင်းစဉ်းစားပေးမှုအရ အခုလို တောင်းပန်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ လေးစားမှု၊ ဝန်ဆောင်မှုက လူအများကြား ပြောစမှတ် ဖြစ်ခဲ့ပါတယ်။

Ref: Japan – 日本

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top