ခင်ပွန်းဖြစ်သူနဲ့အတူ ကျောင်းသူလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ထောင် ၈ နှစ် ကျခဲ့တဲ့ Marvel သရုပ်ဆောင်မင်းသမီး ဇာရာ ဖီသီယန်

17-5-2022-yyl-05.jpg

Marvel ဇာတ်ကား Doctor Strange 1 မှာ ပါဝင်ခဲ့တဲ့ မင်းသမီး ဇာရာ ဖီသီယန် (Zara Phythian) ဟာ သူ့ရဲ့ခင်ပွန်း ဗစ်တာ မက် (Victor Marke) နဲ့အတူ ၁၃ နှစ်ကောင်မလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် တရားစွဲဆိုခံခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ဗစ်တာတစ်ယောက်တည်းကလည်း အသက် ၁၅ နှစ် ကောင်မလေးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ပါသေးတယ်။ အခုလို ကလေးသူငယ်လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ပြစ်မှုတွေကြောင့် Nottingham Crown Court တရားရုံးက ဇာရာကို ထောင်ဒဏ် (၈) နှစ်၊ ဗစ်တာကို ထောင်ဒဏ် ၁၄ နှစ် အသီးသီးချမှတ်လိုက်ပါပြီ။

တရားသူကြီး မက်ခ် ဝက်တ်ဆန်က ဗစ်တာဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနောက်ကွယ်က တွန်းအားပေးနေသူဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ တရားသူကြီးက ဇာရာကို ရည်ညွှန်းပြီးတော့ “မင်းက ဗစ်တာ မက်ရဲ့ဆွဲဆောင်မှုခံရတယ်ဆိုတာကို ငြင်းဆိုထားပေမဲ့ ကျွန်တော် ကြားရတဲ့ သက်သေအထောက်အထားတွေအရ မင်းရဲ့ လွဲမှားမှုဟာ အသက်ငယ်ရွယ်စဉ်မှာ သူ မင်းအပေါ် ဩဇာလွှမ်းမိုးမှုကြောင့် ဖြစ်လာခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး”လို့ ပြောပါတယ်။

ဗစ်တာကို ၂၀၀၂ခုနှစ်နဲ့ ၂၀၀၃ခုနှစ်ကြား ကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှု စွဲချက် (၄) ခုနဲ့ တရားစွဲခဲ့ပါတယ်။ ဗစ်တာနဲ့ဇာရာတို့နှစ်ဉီးစလုံးကိုလည်း ၂၀၀၅ခုနှစ်နဲ့ ၂၀၀၈ခုနှစ်ကြား ကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ကျူးလွန်မှု စွဲချက် ၁၄ခုနဲ့ ပူးတွဲတရားစွဲဆိုခဲ့ပါတယ်။ သူတို့နှစ်ဉီးက အဲဒီပြစ်မှုတွေကို ငြင်းဆိုခဲ့ပေမဲ့ ဂျူရီလူကြီးတွေက အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး မေလ ၁၆ ရက်နေ့မှာ စီရင်ချက်ချခဲ့တာပါ။

ဗစ်တာကို ဆယ်ကျော်သက်ကောင်မလေးကို တစ်ယောက်တည်း လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ပြစ်မှုအတွက် ထောင်ဒဏ် ၄ နှစ်၊ ဇာရာနဲ့အတူ နောက်ထပ်ကောင်မလေးကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုပြစ်မှုအတွက် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ပါတယ်။ ဇာရာက ဗစ်တာနဲ့အတူ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုမှာ ပါဝင်ခဲ့တဲ့အတွက် ထောင် (၈) နှစ် ကျခံခဲ့ရပါတယ်။

ဗစ်တာက ဇာရာရဲ့ကိုယ်ခံပညာနည်းပြလုပ်ပေးတဲ့အချိန်မှာ သူတို့စုံတွဲ တွေ့ဆုံခဲ့ကြတာပါ။ နောက်ပိုင်းမှာ ဇာရာက စတန့်မင်းသမီးအဖြစ် အောင်မြင်လာခဲ့ပါတယ်။

Ref: BBC “Actress Zara Phythian and husband jailed for child sex offences”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top