ရှားပါးရောဂါ ရှာဖွေစစ်ဆေးနိုင်တဲ့ နည်းလမ်း ဖော်ထုတ်ပြီး သိပ္ပံပြိုင်ပွဲမှာ ဆုရခဲ့တဲ့ မိန်းကလေးငယ်

27.3.2023-yyl-iamge-၇.jpg

သူ့ညီမလေး နှစ်ရှည်လများ ခံစားနေရတဲ့ ရှားပါးရောဂါကို ရှာဖွေစစ်ဆေးနိုင်တဲ့ ပထမဆုံးနည်းလမ်း ဖော်ထုတ်နိုင်ခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးဟာ သက်တမ်းအရင့်ဆုံး၊ ဂုဏ်သိက္ခာအကြီးမားဆုံး သိပ္ပံပြိုင်ပွဲမှာ ဆုရခဲ့ပါတယ်။ အီလန်ဆုရဲ့ မှတ်ဉာဏ်တုနည်းပညာ နည်းလမ်းဟာ စမတ်ဖုန်းဓာတ်ပုံ တစ်ခုတည်းကို အသုံးပြုပြီး Kawasaki ရောဂါကို ၈၅ ရာခိုင်နှုန်းအထိ ရှာဖွေဖွေထုတ်နိုင်ခဲ့တာပါ။

အဖျားရောဂါနဲ့ လက္ခဏာဆင်တူလို့ ဖော်ထုတ်ရခက်ခဲတဲ့ Kawasaki ရောဂါဟာ ကလေးငယ်တွေကို နာတာရှည် နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ ယခင်က Kawasaki ရောဂါကို ရှာဖွေဖော်ထုတ်ပေးနိုင်တဲ့ နည်းလမ်း မရှိခဲ့ပါဘူး။

အီလန်ဆုဟာ လူသားတွေရဲ့ မျက်လုံးအလုပ်လုပ်ပုံကို နမူနာယူထားတဲ့ deep-learning algorithm (အချက်အလက်များကို အသေးစိတ်ကျကျ လေ့လာဆန်းစစ်တဲ့ အယ်လ်ဂိုရစ်သမ်) စနစ်သုံးပြီး စမတ်ဖုန်းဓာတ်ပုံတွေကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးတဲ့ ပရိုဂရမ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ Kawasaki ရောဂါလက္ခဏာနဲ့ တခြားရောဂါလက္ခဏာတွေကို ၈၅ ရာခိုင်နှုန်းအထိ မှန်ကန်အောင် ခွဲခြားဖော်ထုတ်ပေးနိုင်တဲ့ အီလန်ဆုရဲ့ ဖန်တီးမှုဟာ Science Talent Search သိပ္ပံပြိုင်ပွဲမှာ တတိယဆု ဆွတ်ခူးခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ရရှိခဲ့တာပါ။

Ref: 17-Year-old Wins $150,000 in Science Talent Search for Remarkable Way to Diagnose Pediatric Heart Disease

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top