မြန်မာပြည်သူတွေကို အမေရိကန်က ဒေါ်လာ သန်း (၅၀) ကျော် ထောက်ပံ့ပေးမယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးပြော

linda-thomas-greenfield-un-ambassador-GettyImages-1230817561-1-1.jpg

အရင်ပုံဟောင်း

ရန်ကုန်၊ သြဂုတ် (၁၁)

မြန်မာပြည်သူတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီအဖြစ် ဒေါ်လာ သန်း (၅၀) ကျော် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး သောမတ်စ်-လင်ဒါ ဂရင်းဖီးလ်က ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာရသူတွေနဲ့ မြန်မာနိုင်ငံတလွှားမှာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်လာရသူအပါအဝင် မြန်မာပြည်သူတွေကို အရေးပေါ်စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ်တင်စောင့်ရှောက်ရေး၊ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေးဝန်ဆောင်မှု စတဲ့အကူအညီတွေကို ပေးအပ်သွားမှာဖြစ်တယ်လို့ ဒီနေ့မှာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ တရားဝင်ခရီးစဉ်မှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက Covid-19 တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံကိုလည်း ဒေါ်လာ (၅) သန်း အကူအညီပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး သောမတ်စ်-လင်ဒါ ဂရင်းဖီးလ်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ပြည်သူတွေရဲ့ အသက်တွေအပေါ်မှာ Covid-19 ရောဂါ အကျိုးသက်ရောက်မှုတွေကို လျှောချပေးရာမှာလည်း အထောက်အကူပြုစေမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top