ထိုင်းနိုင်ငံမှာ ကြုံတောင့်ကြုံခဲ ဆင်အမြွှာပူး မွေးဖွား

15.6.2024-yyl-1.jpg

ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဓယဆင်နန်းတော်မှာ ဆင်အမြွှာပူး မွေးဖွားခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိတဲ့ ဆင်မကြီး ချမ်ချူရီက ပြီးခဲ့တဲ့သောကြာနေ့မှာ ဆင်ထီးလေးတစ်ကောင် မွေးခဲ့ပါတယ်။ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ဆင်မကြီး သားပေါက်တာ ပြီးဆုံးပြီလို့ ထင်ခဲ့ကြပေမဲ့ ဆင်မကြီးဗိုက်ထဲကနေ နောက်ထပ်အသံတစ်သံ ကြားလိုက်ရတာကြောင့် အံ့အားသင့်သွားကြပါတယ်။

ခဏအကြာမှာပဲ နောက်ထပ် ဆင်မလေးတစ်ကောင်ကို ထပ်ပြီး သားပေါက်ခဲ့တာပါ။ ဆင်မကြီးကိုယ်တိုင်က သူ့ဗိုက်ထဲကနေ ဆင် ၂ ကောင် သားပေါက်တာ သိလိုက်ရလို့ ထိတ်ထိတ်လန့်လန့် ဖြစ်သွားခဲ့ပြီး သားပေါက်လေးကို မနင်းမိအောင် တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ဝင်ထိန်းခဲ့ရပါတယ်။

” နောက်ထပ် မွေးတဲ့ ဆင်မလေးက ချက်ချင်းမတ်တပ်ရပ်နိုင်တယ်။ တကယ့်ကို အံ့အားသင့်စရာမို့လို့ အားလုံးလည်း ပျော်နေကြတယ်”လို့ တိရစ္ဆာန်ဆရာဝန် လက်သုန္ဒရီမီပန်က ပြောပါတယ်။

ဆင်မကြီး ထိတ်ထိတ်လန့်လန့် ဖြစ်တာကို ဝင်ထိန်းရင်း ထိန်းသိမ်းစောင့်ရှောက်သူတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဆင်မလေးဟာ အမြွှာပူး မွေးလာရတာဖြစ်လို့ ပုံမှန်အရွယ်အစားထက် နည်းနည်းပိုသေးပါတယ်။ အမြွှာမွေးတဲ့အခါ ဆင်မကြီးက ဆင်သားပေါက် ၂ ကောင်လုံးကို နို့မတိုက်နိုင်ရင် ဆင်သားပေါက်လေး ၂ ကောင်ကို ၂ နာရီခြားတစ်ခါစီ နို့တိုက်ပေးရမယ်လို့ Elephant Stay အဖွဲ့ရဲ့ လမ်းညွှန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:Miracle Birth: Rare Elephant Twins Thriving

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top