မြေးဖြစ်သူနဲ့သက်တူရွယ်တူ ၁၅ နှစ်သမီးလေးကို လက်ထပ်ယူခဲ့တဲ့ အသက် ၇၅ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသား

12.7.2024-yyl-1.jpg

အင်ဒိုးနီးရှားနိုင်ငံက ကြင်စဦးဇနီးမောင်နှံအတွဲတစ်တွဲဟာ အသက်အရွယ်များစွာကွာခြားတဲ့အတွက်ကြောင့် လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ဇွန်လ ၃၀ ရက်နေ့က Abouthetic အင်စတာဂရမ်အကောင့်တစ်ကောင့်က အသက်ကြီးအမျိုးသားနဲ့သူ့ရဲ့သတို့သမီးငယ်တို့ကြား မင်္ဂလာပွဲဗီဒီယိုကို မျှဝေခဲ့တာပါ။ သတို့သားနဲ့သတို့သမီးတို့ဟာ ဂျာဗာရိုးရာဝတ်စုံကို ဝတ်ဆင်လျက် ဧည့်သည်တော်တွေကို နှုတ်ဆက်နေခဲ့ပါတယ်။

အဲ့ဒီစုံတွဲရဲ့အသက်အရွယ်ကွာခြားချက်က လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ အသက် ၆၀ နှစ်ကွာပါတယ်။ ဒီမင်္ဂလာပွဲကို ရွိုင်ယူးလ်ပြည်နယ်က ရွာတစ်ရွာမှာ ကျင်းပခဲ့တာဖြစ်ပြီး သတို့သားက အသက် ၇၅ နှစ်နဲ့ သတို့သမီးက အသက် ၁၅ နှစ်ဖြစ်တယ်လို့ အင်ဒိုနီးရှားသတင်းဌာနက ဆိုထားပါတယ်။

သတို့သမီးက သတို့သားရဲ့မြေးတွေထဲကတစ်ယောက်နဲ့မှ ရွယ်တူဖြစ်တယ်လို့လည်း ပြောပါတယ်။ အဲ့ဒီစုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသိကျွမ်းခဲ့တယ်ဆိုတဲ့အချက်အလက်အပြည့်အစုံတော့ မသိရပါဘူး။

သတို့သမီးက အရွယ်မရောက်သေးသောသူဖြစ်တဲ့အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေဆီက လက်ထပ်ထိမ်းမြားမှုအတွက် ခွင့်ပြုချက်မရခင် တရားရုံးကြားနာပွဲသို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားမှာ မိဘသဘောတူခွင့်ပြုချက်နဲ့ လက်ထပ်ဖို့ တရားဝင်အသက်အရွယ်က ၁၉ နှစ်ဖြစ်ပါတယ်။

Ref: Indonesian Man, 75, Marries 15-Year-Old Girl Who Is The Same Age As His Grandkid

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top