မိန်းမဖုန်းနံပါတ်ကို နှစ် ၃၀ ကြာ ထီထိုးလာခဲ့တဲ့ အမျိုးသား ဒေါ်လာ ၂.၆၄ သန်းတန် ထီဆုကြီး ဆွတ်ခူး

28.8.2024-yyl-1.jpg

ထီနံပါတ်တစ်ခုတည်းကို နှစ် ၃၀ ကျော် ကံစမ်းလာခဲ့တဲ့ အမျိုးသားတစ်ဦးဟာ နောက်ဆုံးမှာတော့ အမေရိကန်ဒေါ်လာ ၂.၆၄ သန်း ထီဆုကြီး ဆွတ်ခူးသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်၊ လက်စတာမြို့မှာ နေထိုင်တဲ့ ကီဗင်ကော်နာဟာ သူ့မိန်းမရဲ့ ဖုန်းနံပါတ်အဟောင်းကို နှစ် ၃၀ တိုင်တိုင် ထီထိုးလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့က Megabucks ထီဖွင့်ပွဲမှာ ထီဆုကြီး ဆွတ်ခူးသွားခဲ့တာပါ။

ကီဗင်ကော်နာဟာ သူတို့ စကြိုက်ခဲ့တုန်းက သူ့မိန်းမအိမ်မှ ဖုန်းနံပါတ်ကို နှစ်ပေါင်းများစွာ ထီထိုးလာခဲ့တာ ဖြစ်ပါတယ်။ ကီဗင်ကော်နာဟာ ထီဆုကြီး ဆွတ်ခူးခဲ့ပေမဲ့ သူ့အတွက် ခြေအိတ်အသစ်ပဲ ဝယ်မှာဖြစ်ပြီး ကျန်ငွေအားလုံးကိုတော့ သူ့ကလေးတွေရဲ့ ပညာရေးအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Ref: Man scores $2.64M with same lottery numbers he’s used for 30 years
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top