COVID စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ အမေရိကန် ဘီလျံနာရဲ့သား အစ္စရေးနိုင်ငံမှ နှင်ထုတ်ခံရ

15-6-2020-yyl-005.jpg

အစ္စရေးနိုင်ငံက အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ရှာရီ ရက်စတုန်းရဲ့သား ဘရန်ဒန် ကော်ဖ်ကို အစ္စရေးနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် Quarantine စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် နိုင်ငံကနေ နှင်ထုတ်နေတယ်လို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ ဘရန်ဒန် ကော်ဖ်က သူ့ချစ်သူမော်ဒယ် ကောင်မလေးဆီ တိတ်တဆိတ် သွားလည်စဉ်အတွင်းမှာ နိုင်ငံက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ဘရန်ဒန်ကို အစ္စရေးနိုင်ငံမှာ စစ်မှုထမ်းနေတဲ့ သူ့အစ်ကိုဆီ လာလည်ဖို့အတွက် ချွင်းချွတ်အနေနဲ့ နိုင်ငံထဲကို ဝင်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံကို ဝင်ခွင့်ရတဲ့ အခိုက်အတန့်မှာ သီးခြားနေထိုင်ရမယ့် စည်းမျဉ်းအမိန့်တွေကို ချိုးဖောက်ခဲ့ပြီး သူ့ကောင်မလေးနဲ့ တွေ့ခဲ့ကာ တိုက်ခန်းတစ်ခုတည်းမှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဘရန်ဒန်ကို အစ္စရေးနိုင်ငံကနေ ချက်ချင်းထွက်သွားဖို့ အမိန့်ပေးခဲ့ရတာဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာတော့ ဘရန်ဒန်ရဲ့ချစ်သူက ဘယ်သူဆိုတာကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ ဒါပေမဲ့ အသက် (၃၀) ရှိပြီးဖြစ်တဲ့ ဘရန်ဒန်က အစ္စရေးမော်ဒယ် ရေးလ် ရှယ်လ်ဘီးယားနဲ့ တွဲနေတာဖြစ်ပါတယ်။ မဖြစ်မနေစစ်မှုထမ်းနေရတဲ့ ရေးလ် ရှယ်လ်ဘီးယားဟာ အစ္စရေးနိုင်ငံရဲ့ အဝတ်အထည်ကုမ္ပဏီ နဲ့ Kim Kardashian ရဲ့ အလှကုန်ပစ္စည်းတွေအတွက် ကမ်ပိန်းတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

အစ္စရေးနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် မတ်လမှာ နိုင်ငံသား မဟုတ်တဲ့သူတွေကို ဝင်ခွင့်ပိတ်ထားခဲ့တာဖြစ်ပါတယ်။ နိုင်ငံထဲ ပြန်ဝင်တဲ့ နိုင်ငံသားတွေကိုလည်း ရောက်လာတာနဲ့ Quaratine (၂) ပတ် ဝင်ခိုင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အစ္စရေးဘီလျံနာတစ်ယောက်ကို ဗိုင်းရပ်စ်စည်းမျဉ်းတွေကနေ ကင်းလွတ်ခွင့်ပေးခဲ့တဲ့အတွက် အစ္စရေးကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုဒါရိုက်တာဟာ အပြစ်အထန် ဝေဖန်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာ စီးပွားရေးလုပ်ငန်းရှင် တယ်ဒီ ဆာဂီကို အစ္စရေးဆယ်လီတွေနဲ့ ပါတီပွဲ တက်ရောက်ခဲ့တာကို တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။

Ref: Israel deports US billionaire’s son for breaking virus rules

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top