ဇာတ်လမ်းတွဲအသစ်ရဲ့အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုရိုက်ကူးရင်း ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ ပတ်ဘိုဂမ်

30.8.2024-yyl-1.jpg

တောင်ကိုရီးယားမင်းသားချော ပတ်ဘိုဂမ်ဟာ JTBC ရုပ်သံလိုင်းရဲ့ Good Boy ဇာတ်လမ်းတွဲအသစ်အတွက် အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုရိုက်ကူးရင်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ ဘူဆန်မှာ အက်ရှင်ရိုက်ကူးရင်း ခြေထောက်ထိခိုက်ခဲ့တယ်။ မတော်တဆထိခိုက်ပြီးနောက် ကုသမှုခံယူဖို့ ဆိုးလ်မြို့က ဆေးရုံတစ်ခုဆီ ပို့ဆောင်ခဲ့ကာ စီစဉ်ထားတဲ့ရိုက်ကူးမှုတွေကို ဖျက်သိမ်းခဲ့ရတယ်လို့ ဩဂုတ်လ ၂၈ ရက်နေ့က JoyNews24 သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပတ်ဘိုဂမ်ရဲ့အေဂျင်ဆီ The BLACK LABEL က “Good Boy အတွက် အက်ရှင်ခန်းတစ်ခုရိုက်ကူးရင်း ပတ်ဘိုဂမ်ဟာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ လက်ရှိမှာ ဆေးကုသမှုခံယူနေပါတယ်။ ရိုက်ကူးရေးကို ခေတ္တရပ်နားထားပေမဲ့ ပြန်လည်ကောင်းမွန်လာတာနဲ့ ပြန်လည်ရိုက်ကူးဖို့ မျှော်လင့်ရပါတယ်” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Good Boy ဇာတ်လမ်းတွဲက ငွေကြေးအခက်အခဲတွေ၊ အသက်မွေးဝမ်းကြောင်းတိုတောင်းမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ၊ အခြားစိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး အထူးရဲတွေဖြစ်လာတဲ့ အိုလံပစ်ဆုရှင်အဖွဲ့အကြောင်းရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပတ်ဘိုဂမ်က အထူးရာဇဝတ်မှုအဖွဲ့မှာ အထူးရဲဖြစ်လာမယ့် ရွှေတံဆိပ်လက်ဝှေ့သမားဟောင်းအဖြစ် ပါဝင်ထားပါတယ်။

Ref: Park Bo Gum Suffers Minor Injury During Action Filming For “Good Boy”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top