ရိုဝမ်အက်ကင်ဆန်ကို မစ္စတာဘင်းအဖြစ် ထပ်မြင်ရဖို့ မရှိတော့

6-1-2021-yyl18.jpg

မစ္စတာဘင်း (Mr Bean) ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာ ဖိအားများပြီး ပင်ပန်းလွန်းလို့ မစ္စတာဘင်းအဖြစ် ထပ်ပြီး သရုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ ရိုဝမ်အက်ကင်ဆန်က ပြောပါတယ်။
အသက် ၆၅ နှစ်အရွယ် ဗြိတိန်သရုပ်ဆောင် ရိုဝမ်အက်ကင်ဆန်ဟာ ၁၉၉၀ ပြည့်နှစ်ကနေ ၁၉၉၅ ခုနှစ်အထိ မစ္စတာဘင်းစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ Bean ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၇ ခုနှစ်မှာ Mr Bean’s Holiday ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။


” မစ္စတာဘင်းအဖြစ် သရုပ်ဆောင်ရတာ ကျွန်တော် သိပ်မပျော်တော့ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုအတိုင်းအတာက မသက်သာဘူး။ ဖိအားများပြီး ပင်ပန်းတယ်။ ဒါကို ကျွန်တော် အဆုံးသတ်ချင်နေပြီ” လို့ ရိုဝမ်အက်ကင်ဆန်က ပြောပါတယ်။

ရိုဝမ်အက်ကင်ဆန်ဟာ လက်ရှိအချိန်မှာ မစ္စတာဘင်း ဇာတ်ကောင်ကို အန်နီမေးရှင်း ရုပ်သံစီးရီးအဖြစ် ဖန်တီးနေပြီး အသံနဲ့ သရုပ်ဆောင်မှာဖြစ်ပါတယ်။ လူကိုယ်တိုင် သရုပ်ဆောင်ရတာထက်စာရင် အသံနဲ့ သရုပ်ဆောင်ရတာက သူ့အတွက် ပိုလွယ်တယ်လို့ ရိုဝမ်အက်ကင်ဆန်က ဆိုပါတယ်။ လူကြီးတစ်ယောက်ဖြစ်ပေမဲ့ ကလေးဆန်ဆန် ပြုမူလှုပ်ရှားတဲ့ မစ္စတာဘင်း ဇာတ်ရုပ်ဟာ ဘာသာစကား နားလည်စရာမလိုဘဲ ရယ်ရတဲ့အတွက် နိုင်ငံတကာမှာ အောင်မြင်ခဲ့ပါတယ်။

Ref: Dailymail ” ‘The weight of responsibility is not pleasant’: Rowan Atkinson finds Mr Bean ‘stressful and exhausting’ and hints he will never play role again “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top