အသက်သခင်ထံ နှစ်တိုင်းပြန်လာတဲ့ ပင်ဂွင်းလေးအကြောင်းရုပ်ရှင် ရုံတင်တော့မည်

3.9.2024-yyl-1.jpg

နှစ်စဉ်နှစ်တိုင်း မိုင်ထောင်ချီခရီးနှင်ပြီး အသက်သခင်ထံ ပြန်လာလေ့ရှိတဲ့ ပင်ဂွင်းလေးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ယာအိုပါရဲရားဒီဆူဇာလို့ အမည်ရတဲ့ ကျောက်ပန်းရံသမားဟာ ရီယိုဒီဂျနေးရိုးပြည်နယ် ပရိုဗီတာကမ်းခြေမှာ ရေနံတွေပေနေတဲ့ ပင်ဂွင်းလေးကို တွေ့ခဲ့ပြီး သူ့အိမ် ခေါ်လာခဲ့တာပါ။ ပင်ဂွင်းလေး ဒင်ဒင်းဟာ ဖိတ်စင်နေတဲ့ ရေနံတွေကြား ကူးခတ်နေရတာကြောင့် ပင်ပန်းနွမ်းနယ်နေပြီး ဒီဆူဇာသာ မကယ်ရင် သေသွားမှာပါ။

ဒီဆူဇာက ပင်ဂွင်းလေးကို ရေချိုးသန့်စင်ပေးပြီး စားစရာ ငါးတွေ ကျွေးခဲ့ပါတယ်။ ဒင်ဒင်း ပြန်လည်အားပြည့်လာချိန်မှာ ဒီဆူဇာက ပရိုဗီတာကမ်းခြေထံ ခေါ်သွားပြီး ရေထဲလွှတ်ပေးခဲ့ပေမဲ့ ဒီဆူဇာရဲ့အိမ်ကိုပဲ ပြန်လိုက်လာခဲ့တာပါ။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ပင်ဂွင်းလေး ဒင်ဒင်းက ပင်လယ်ထဲ ပြန်သွားခဲ့ပေမဲ့ နှစ်စဉ်နှစ်တိုင်း ပရိုဗီတာကမ်းခြေကို ပြန်လာပြီး အသက်သခင် ဒီဆူဇာကို လာတွေ့ခဲ့ပါတယ်။ ဒင်ဒင်းဟာ နှစ်စဉ် ဖေဖော်ဝါရီလရောက်တိုင်း ပင်လယ်ထဲ ပြန်သွားပေမဲ့ ဇွန်လရောက်တဲ့အခါ ဒီဆူဇာထံ အမြဲပြန်လာတာ ၈ နှစ်တိုင်တိုင်ပါပဲ။

အွန်လိုင်းပေါ်မှာ လူပြောများခဲ့တဲ့ ဒီဖြစ်ရပ်ကို ဘရာဇီးဒါရိုက်တာ ဒေးဗစ်ရှာမန်းက ပုံဖော်ရိုက်ကူးထားတာပါ။ ”ဒီဇာတ်ကားက ပင်ဂွင်းက ခင်ဗျားထက်ပိုပြီး အရေးကြီးတယ်လို့ ကျွန်တော် ပြောတာကို ဝါရင့်သရုပ်ဆောင် ယန်းရီနိုလည်း လက်သင့်ခံပါတယ်”လို့ ဒေးဗစ်ရှာမန်းက ဆိုပါတယ်။ ဒီဇာတ်ကားမှာ ရှာမန်းက ရေနံဖိတ်စင်မှုနဲ့ စတင်ဖွင့်လှစ်ထားပြီး သဘာဝပတ်ဝန်းကျင်အရေးကို မီးမောင်းထိုးပြဖို့ ကြိုးစားထားတာ တွေ့ရပါတယ်။ ဒီလအတွင်း အထူးပွဲ ပြသခဲ့ရာမှာတော့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေရရှိခဲ့ပြီး Rotten Tomatoes မှာ ၈၇ ရာခိုင်နှုန်းအထိ ထောက်ခံအားပေးထားကြပါတယ်။

Ref:True Story of Penguin’s Annual Return to See the Man Who Saved it From Oil Spill is Now a Feature Film
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top