ခင်ပွန်းကို ကျောက်ကပ်ထုတ်ရောင်းဖို့ သိမ်းသွင်းပြီး ငွေတွေယူကာ ချစ်သူနဲ့ထွက်ပြေးခဲ့တဲ့ အမျိုးသမီး

4.2.2025-yyl-2.jpg

အိန္ဒိယအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူကို ကျောက်ကပ်တစ်ဖက် ထုတ်ရောင်းအောင် သိမ်းသွင်းပြီး ငွေတွေယူဆောင်ကာ သူ့ချစ်သူနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ အနောက်ဘန်ဂေါပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီးဟာ သမီးဖြစ်သူရဲ့ ပညာရေးကို အကြောင်းပြပြီး ခင်ပွန်းဖြစ်သူကို ကျောက်ကပ်တစ်ဖက် ထုတ်ရောင်းအောင် သိမ်းသွင်းခဲ့တာပါ။

ပြောဖန်များတော့ အမျိုးသားကလည်း ကျောက်ကပ်ရောင်းဖို့ သဘောတူခဲ့ပြီး မှောင်ခိုဈေးကွက်မှာ ကျောက်ကပ်ဝယ်မယ့်သူ လိုက်ရှာခဲ့ပါတယ်။ တစ်နှစ်ကြာ ရှာဖွေခဲ့ပြီးနောက်မှာတော့ လွန်ခဲ့တဲ့ သုံးလက ဝယ်လက်တွေ့ခဲ့ပြီး ရူပီး ၁ သန်း (အမေရိကန်ဒေါ်လာ ၁၁၅၀၀)နဲ့ ကျောက်ကပ် ရောင်းခဲ့ပါတယ်။

အဲဒီငွေကို သူ့မိန်းမထံ အပ်ထားခဲ့ပြီး သူ့မိန်းမက ငွေတွေယူကာ ချစ်သူနဲ့ ထွက်ပြေးသွားခဲ့တာပါ။ သူ့မိန်းမဟာ ဖေ့ဘွတ်ခ်သုံးရင်း ဘာရက်ပိုရီမြို့မှ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး သူတို့နှစ်ယောက် ထွက်ပြေးဖို့ အကွက်ကျကျ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူက ဒီအကြောင်းကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီး ရဲတွေက အမျိုးသမီးကို လိုက်လံရှာဖွေတော့ ဘာရက်ပိုရီမြို့မှာ ဖမ်းမိခဲ့တာပါ။ အမျိုးသမီးကတော့ ခင်ပွန်းဖြစ်သူကို ” ရှင် ကြိုက်တာ လုပ်၊ ကျွန်မကတော့ ရုံးကနေ ကွာရှင်းခွင့်တောင်းမယ်”လို့ ပြန်ပြောခဲ့ပြီး အခုချိန်မှာတော့ အမှုရင်ဆိုင်လျက် ရှိပါတယ်။

Ref: Woman Tricks Husband into Selling His Kidney, Steals Money And Elopes with Lover
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top