ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြန်တဲ့ ဆယ်လ်မန်ခန်း

21.3.2023-yyl-iamge-9.jpg

ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြန်တဲ့ ဆယ်လ်မန်ခန်း

ဘောလိဝုဒ်နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်မှု ခံရပြန်ပါတယ်။ မကြာသေးခင်ကဒီအဖြစ်အပျက်ကို ဘန်ဒရာရဲတပ်ဖွဲ့ဟာ မင်းသားရဲ့သူငယ်ချင်းဆီက တိုင်ကြားချက်တစ်ခုအနေနဲ့ FIR (ပထမသတင်းပေးတိုင်ချက်)မှာ ထည့်သွင်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။

ဘဝရည်မှန်းချက်ဟာ ဆယ်လ်မန်ခန်းကို သတ်ဖို့ဖြစ်တယ်ဆိုတဲ့ လူဆိုးဂိုဏ်း​ခေါင်းဆောင်လော့ရန်ဘစ်ချ်နွိုင်းရဲ့အင်တာဗျူးကို ရည်ညွှန်းထားတဲ့အကြောင်းအရာနဲ့အတူ ဆယ်လ်မန်ခန်းရဲ့နာမည်ကို ဖော်ပြထားတဲ့ အီမေးလ်တစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ တိုင်ကြားချက်မှာဖော်ပြပါတယ်။

အီမေးလ်မှာ ပေးပို့သူက ဘစ်ချ်နွိုင်းရဲ့အရင်းနှီးဆုံးလက်ထောက် ဂိုးလ်ဒီ ဘာရာက ဆယ်လ်မန်ခန်းနဲ့ လူချင်းတွေ့ပြီးစကားပြောချင်တယ်လို့လည်း ဆိုထားပါတယ်။ ဒီအမှုနဲ့ဆက်စပ်တဲ့ လူ ၃ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေတုန်းပါပဲ။

လော့ရန် ဘစ်ချ်နွိုင်းက ရက်ပ်အဆိုတော် ဆစ်ဒ်ဟူ မိုစီ ဝါလာ အသတ်ခံရမှုအတွင်း နာမည်ထွက်ခဲ့တဲ့ အကျဥ်းကျနေတဲ့လူဆိုးဂိုဏ်းစတားပါ။ အမှုနဲ့ဆက်စပ်ပြီး အဖမ်းခံရကတည်းက ထောင်ထဲမှာ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း ဆယ်လ်မန်ခန်းနဲ့ သူ့ဖခင်ဖြစ်သူတို့ဟာ အသက်အန္တရာယ်ခြိမ်း​​ခြောက်တဲ့ လက်ရေးစာတစ်စောင်ကိုလည်း လက်ခံရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းဖတ်ရှုရန် – အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိပြီးနောက် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားခဲ့တဲ့ ဆယ်လ်မန်ခန်း

Ref: Tribune “Salman Khan gets fresh death threats, Mumbai Police registers FIR”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top