အာရပ်အနုပညာရှင်ရဲ့ ဆန်စေ့ပေါ်မှ ပန်းချီကား

3.9.2024-yyl-12.jpg

အာရပ်အနုပညာရှင် ဖောအက်ကဒ္ဒါနီက အလျား ၄ မီလီမီတာ၊ အနံ ၁ မီလီမီတာပဲရှိတဲ့ ဆန်စေ့ပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ကုဗတုံး(ကအဘာ)ပုံကို အနုစိတ် ခြယ်မှုန်းရေးဆွဲခဲ့တာပါ။ အလွန်သေးငယ်တဲ့ ဆန်စေ့ပေါ်မှာ ရေးဆွဲထားပေမဲ့ အလွန်လက်ရာမြောက်လွန်းတဲ့အတွက် လူမှုကွန်ရက်မှာ ဒီပုံက ပျံ့နှံ့သွားခဲ့တာပါ။

ပန်းချီ၊ ပန်းပုပညာရှင်ဖြစ်တဲ့ ဖောအက်ကဒ္ဒါနီဟာ မှန်ဘီလူးကို အသုံးပြုပြီး ဆန်စေ့ပန်းချီကားကို ပုံဖော်ဖန်တီးခဲ့တာဖြစ်ပြီး သူ့ရဲ့အနုစိတ်နိုင်စွမ်းက သိသာထင်ရှားလှပါတယ်။

Ref: Fouad Kebdani micro painting on rice grain of Kaaba
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top