အငြိမ်းစားယူပြီးသွားတဲ့အချိန်မှာတောင် ဒုတိယဘွဲ့ဖြစ်တဲ့ ဥပဒေဘွဲ့ကို ယူခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသား

13.9.2024-yyl-10.jpg

တချို့လူတွေဆိုရင် အလုပ်ကနေ အငြိမ်းစားယူပြီးသွားရင် အေးအေးလူလူနေကြပေမဲ့ ဒီအသက် ၇၇ နှစ်အရွယ်မလေးရှားအမျိုးသားကတော့ တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရအောင်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဇူကီဖလိုင် အက်ဘ်ဒူလာဆိုတဲ့ အဲ့ဒီအမျိုးသားက စက်တင်ဘာ ၄ ရက်နေ့မှာ Universiti Teknologi Mara ကနေ ဒီဘွဲ့ကို ရယူခဲ့ပါတယ်။

သူဟာ ၂၀၁၈ ခုနှစ်မှာ ဥပဒေပညာကို အချိန်ပိုင်းလေ့လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ တက်မြောက်ပြီးစီးခဲ့ပါတယ်။ ဒီဘွဲ့က သူ အငြိမ်းစားယူစဉ်အတွင်း ရရှိခဲ့တဲ့ ဒုတိယမြောက်တက္ကသိုလ်ဘွဲ့ဖြစ်ပါတယ်။

သူ အငြိမ်းစားမယူခင်က အလုပ်အပေါ်မှာပဲ အာရုံစိုက်ခဲ့ပြီး သူ့ရဲ့ပညာရေးကို လျစ်လျူရှုထားခဲ့တယ်။ ဒါကြောင့် အငြိမ်းစားယူပြီးတဲ့နောက်မှာ ပညာရေးကို လိုက်စားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ အသက် ၆၀ အရွယ်တုန်းက ဇူကီဖလိုင်ဟာ သမိုင်းပညာရပ်နဲ့ ဂုဏ်ထူးတန်းဘွဲ့ရရှိခဲ့ပါသေးတယ်။ သူဟာ ဝန်ကြီးဌာနတစ်ခုမှာ ဥပဒေစည်းမျဉ်းတွေနဲ့ အလုပ်လုပ်ဖူးခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်ရောက်တော့ ဥပဒေပညာကို လေ့လာဆည်းပူးဖို့လုပ်ခဲ့တာပါ။

အသက်ကြီးမှာ ပညာရေးလိုက်စားရတာက စိန်ခေါ်မှုများပြီး စာလေ့လာဖို့ ၂ ဆအားထုတ်ရတယ်လို့ ဇူကီဖလိုင်က ဖွင့်ဟထားပါတယ်။ အသက်အရွယ်က ပညာရေးလိုက်စားဖို့ ဘယ်သူကိုမှ မတားဆီးသင့်ဘူးလို့ သူက ဆိုထားပါတယ်။

Ref: M’sian man, 77, gets law degree, his 2nd degree in retirement

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top