ကမ္ဘာ့အသက်ရှည်ဆုံး အဘိုးအို ကွယ်လွန်

20170502.jpg

သက်တမ်း ၁၄၆ နှစ်အထိ နေထိုင်သွားခဲ့တဲ့ အင်ဒိုနီရှား အဖိုးအိုဟာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ Mbah Ghoto လို့ လူသိများတဲ့ အဘိုးအိုဟာ ၁၈၇၀ ခုနှစ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဒီစာရင်းက မှန်ခဲ့တယ်ဆိုရင် သူက ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ကြာဆုံး နေထိုင်ခဲ့သူ တစ်ဦးဖြစ်လာမှာပါ။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာ မွေးစာရင်းတွေကို စတင်ကောက်တဲ့အချိန်က ၁၉၀၀ ပြည့်နှစ်မှ ဖြစ်တဲ့အတွက် အဘိုးအိုရဲ့ မွေးသက္ကရာဇ်မှာ အမှားအယွင်းရှိနိုင်တယ်လို့ ဆိုကြပါတယ်။ အဘိုးအိုက ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် ဧပြီလ ၁၂ရက်နေ့ကတည်းက ဆေးရုံတက်ခဲ့တာပါ။ ၆ရက်ကြာ ဆေးရုံတက်အပြီး နေအိမ်ကို ပြန်ရောက်လာချိန် သေဆုံးခါနီးမှာတော့ အစားအသောက် စားဖို့ကို ငြင်းဆန်ခဲ့ပါတယ်။

ရှည်ကြာလှတဲ့သူ့ဘဝမှာ ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်သုံးသူတစ်ဦးဖြစ်တဲ့ အဘိုးအိုက မွေးချင်း မောင်နှမဆယ်ဦး ရှိခဲ့တဲ့အပြင် ဇနီးသည် လေးဦးလည်းရှိခဲ့ပြီး သူတို့ထဲက နောက်ဆုံးတစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကတည်းက သေဆုံးခဲ့တာပါ။ စစ်တွင်းက နိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂျပန်၊ ဒတ်ခ်ျလူမျိုးတွေကို တိုက်ထုတ်ခဲ့တဲ့အကြောင်းတွေကို ပြောပြပေးနိုင်တဲ့အတွက် ကျေးရွာထဲမှာတော့ အဘိုးအိုကို သူရဲကောင်းတစ်ဦးလို့ သတ်မှတ်ထားကြပါတယ်။

Ref: BBC news; ‘Oldest human’ dies in Indonesia ‘aged 146’

Emily (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top