ကားသစ်တစ်စီးဝယ်နိုင်လောက်တဲ့အထိ နွေရာသီကျောင်းပိတ်ရက်အတွင်း မြက်ရိတ်တဲ့အလုပ်လုပ်ပြီး ပိုက်ဆံစုဆောင်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက်

17.9.2024-yyl-1.jpg

မက်ဆာချူးဆက်ပြည်နယ်က ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က နွေရာသီကျောင်းပိတ်ရက်တွေမှာ အလုပ်ကြိုးစားမှုရလဒ်ကြောင့် သူရဲ့လိုအင်ဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် ဒါလန်ဆိုတဲ့ အဲ့ဒီကောင်လေးက Jeep Wrangler ကားသစ်တစ်စီးပိုင်ဆိုင်ချင်တဲ့ အိပ်မက်ရှိခဲ့တာပါ။

သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ သူဟာ ကျောင်းအားလပ်ရက်တွေမှာ အလုပ်ကြိုးစားလုပ်ခဲ့ရတာပါ။ သူ စပြီး အလုပ်လုပ်ခဲ့တာက ၂၀၂၀ ခုနှစ်ကပါ။ သူ့အသက် ၁၂ နှစ်ပဲရှိပါသေးတယ်။ အလယ်တန်းကျောင်းသားတွေအတွက် အလုပ်က အတော်လေးကန့်သတ်ချက်ရှိပေမဲ့ သူဟာ သူ့မွေးရပ်မြေတစ်ဝိုက်မှာ မြက်ရိတ်တဲ့အလုပ်ကို ရှာနိုင်ခဲ့ပါတယ်။

ကျောင်းပိတ်တဲ့အချိန် (ဒါမှမဟုတ်) ဆောင်းရာသီမဟုတ်တဲ့အချိန်တွေမှာ သူဟာ မြတ်ရိတ်တဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ သူက နေ့တိုင်းလုပ်တာပါ။ ကျောင်းမတတ်ရတဲ့နေ့ဆို စောစောထပြီး မြက်ရိတ်ပါတယ်။ အခုနှစ်မှာတော့ သူဟာ သူ့အိပ်မက်စိတ်ကူးဖြစ်တဲ့ ကားအသစ်တစ်စီးဝယ်နိုင်လောက်တဲ့အထိ ငွေပမာဏစုဆောင်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဒါလန်ဟာ ကားအရောင်းဌာနဆီ ငွေသား ဒေါ်လာ ၆၅၀၀၀ နဲ့ သွားရောက်ခဲ့ပါတယ်။ သူ စီးချင်တဲ့ကားကို စီးခွင့်ရခဲ့ပါတယ်။ သူ့ရဲ့အခုလိုအောင်မြင်မှုက သူ့ညီမလေး ကဲလီကိုတောင် ငွေစုဆောင်းတတ်အောင်လှုံ့ဆော်ပေးနေပါတယ်။

Ref: 16-year-old saves enough to buy new Jeep after 4 summers of mowing lawns

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top