ရေနံစည်တွေ သယ်လာတဲ့ အီရန်သင်္ဘော ၅ စင်းထဲမှာ တစ်စင်းက ဗင်နီဇွဲလား ရေပိုင်နက်ထဲ ရောက်ရှိ

25-5-2020-yyl-012.jpg

ရေနံစည်တစ်သန်းကျော် တင်ဆောင်လာတဲ့ အီရန်ရေနံတင်သင်္ဘော ၅ စင်းအနက် တစ်စင်းကတော့ ဗင်နီဇွဲလားရေပိုင်နက်ထဲ ဝင်ရောက်လာပါပြီ။ အီရန်ရေနံတင်သင်္ဘောတွေကို ဗင်နီဇွဲလားရေတပ်နဲ့ လေတပ်က လိုက်လံစောင့်ရှောက်ပေးခဲ့ပါတယ်။ အီရန်နဲ့ ဗင်နီဇွဲလားနှစ်နိုင်ငံလုံးကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံက ရေယာဉ်တန်းကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ဗင်နီဇွဲလားနဲ့ အီရန်နိုင်ငံကတော့ ရေနံပို့ဆောင်မှုကို ကြားဝင်နှောင့်ယှက်တာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ရှိနေပေမဲ့ သန့်စင်ပြီးသား လောင်စာ ပြတ်လပ်မှု ကြုံတွေ့နေပါတယ်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကတော့ အီရန်နိုင်ငံရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်စကားဆိုခဲ့ပြီး သူတို့နှစ်နိုင်ငံဟာ မြောက်ပိုင်းအမေရိကန်နယ်ချဲ့တွေကို ဘယ်တော့မှ ဒူးထောက်မှာမဟုတ်တဲ့ တော်လှန်ရေးသမားတွေဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ရာထူးက ပြုတ်ကျအောင် ဖိအားပေးတဲ့အနေနဲ့ ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာပါ။ အခုလအစောပိုင်းမှာ ရေနံစည် ၁.၅ သန်းနီးပါး တင်ဆောင်လာတဲ့ အီရန်ရေနံတင်သင်္ဘောငါးစင်းက ဆူးအက်တူးမြောင်းကို ဖြတ်ကျော်သွားတယ်လို့ သင်္ဘောလမ်းကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Nz (ရိိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top