၅ ရာသီဆက်တိုက် ဂိုး ၄၀ နဲ့အထက် သွင်းယူနိုင်သူဖြစ်လာတဲ့ လီဝမ်ဒေါစကီး

18-5-2020-yyl-008.jpg

ယူနီယံဘာလင်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ၅ ရာသီဆက်တိုက် ပြိုင်ပွဲစုံ ဂိုး ၄၀ သွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲ မရပ်နားခင် ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ လီဝမ်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပြန်စချိန်မှာ အသင်းအတွက် တစ်ကျော့ပြန် ပါဝင်နိုင်ခဲ့တာပါ။

လီဝမ်ဒေါစကီးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၃၄ ပွဲ ကစားပြီး ဂိုး ၄၀ သွင်းယူထားတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို စတင်ပြောင်းရွှေ့ခဲ့တဲ့ ၂၀၁၄-၂၀၁၅ ရာသီမှာ ၂၅ ဂိုး သွင်းနိုင်ခဲ့တဲ့ လီဝမ်ဒေါစကီးဟာ နောက်ထပ် ၄ ရာသီအတွင်း ၄၂ ဂိုး၊ ၄၃ ဂိုး၊ ၄၁ ဂိုး၊ ဂိုး ၄၀ စတဲ့ ဂိုးသွင်းနှုန်းတွေ ပိုင်ဆိုင်ခဲ့ပြီး ဒီရာသီမှာတော့ ပွဲစဉ်တော်တော်များများ ကစားဖို့ ကျန်ရှိနေချိန်မှာပဲ ဂိုး ၄၀ သွင်းနိုင်ခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top