၆ လက်မမြင့်တဲ့ဒေါက်ဖိနပ်နဲ့ တရုတ်နိုင်ငံရဲ့မဟာတံတိုင်းကို တက်ခဲ့တဲ့ မာရီယာကာရေး

19.9.2024-yyl-1.jpg

အသံပါဝါကောင်းကောင်းနဲ့ ကမ္ဘာကျော်အဆိုတော် မာရီယာကာရေးဟာ စက်တင်ဘာ ၁၅ ရက်နေ့နဲ့ စက်တင်ဘာ ၁၆ ရက်နေ့တွေမှာ ဖျော်ဖြေဖို့ ပေကျင်းကို ရောက်ရှိခဲ့တာပါ။ သူဟာ ပေကျင်းကို ရောက်ရှိနေစဉ်အတွင်း တရုတ်နိုင်ငံရဲ့မဟာတံတိုင်းပေါ်တက်ခဲ့ပါတယ်။ သူ့ရဲ့အသက် ၁၃ နှစ်အရွယ် အမြွှာသမီးလေး မွန်ရိုးနဲ့မိုရိုကန်တို့နဲ့အတူ တရုတ်နိုင်ငံရဲ့အထင်ကရနေရာကို လည်ပတ်ခဲ့ကြတာပါ။

အနက်ရောင်ဇာထိုးဝတ်စုံကို ဝတ်ဆင်ထားတဲ့ မာရီယာက အစပိုင်းမှာတော့ ၆ လက်မမြင့်တဲ့ ဒေါက်ဖိနပ်နဲ့ မဟာတံတိုင်းပေါ်တက်ခဲ့တာပါ။ သူ မဟာတံတိုင်းရဲ့လှေကားထစ်တွေကို တက်ရာမှာ သူ့ကို ဘေးကနေ ဝန်ထမ်းနှစ်ယောက်က ကူညီပေးနေတာကို တွေ့ရပါတယ်။ နောက်တော့ မဟာတံတိုင်းထိပ်ဆုံးရောက်ဖို့ အဖြူရောင်Sneaker ဖိနပ်ကို လဲဝတ်လိုက်ရပါတယ်။

ဒေါက်ဖိနပ်နဲ့ မဟာတံတိုင်းပေါ်တက်တာနဲ့ပတ်သက်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေက အခုလို ပြောကြပါတယ်။ “ဂါဝန်နဲ့ ဒေါက်ဖိနပ်တွေကို ဝတ်ဆင်ပြီး မဟာတံတိုင်းပေါ်တက်တဲ့ မာရီယာကာရေးကတော့ ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲ ထာဝရကိန်းအောင်းနေမှာပါ”၊ “ဒေါက်ဖိနပ်နဲ့ မဟာတံတိုင်းပေါ်တက်တဲ့ ပထမဆုံးအမျိုးသမီးပါပဲ”လို့ ရေးသားပြောဆိုခဲ့ကြပါတယ်။

Ref: Mariah Carey Climbs Great Wall Of China In 6-Inch Heels, Changes To Sneakers To Reach Summit

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top