မူလတန်းကျောင်းသားလေးတွေအတွက် စိတ်ခွန်အားပေးခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

cristiano-ronaldo-visit-to-yumin-primary-school.jpg

နာမည်ကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စင်ကာပူနိုင်ငံက မူလတန်းကျောင်းတစ်ကျောင်းကို ဇူလိုင်လ (၄) ရက်နေ့က လာရောက်ခဲ့ပါတယ်။ မူလတန်းကျောင်းကိုလာရောက်စဉ်အတွင်း ဘောလုံးကစားပြခဲ့သလို ကလေးတွေနဲ့ ဓာတ်ပုံရိုက်ရင်း မေးခွန်းတွေလည်း ဖြေကြားပေးခဲ့ပါတယ်။ အခုလို လာရောက်ခဲ့တဲ့သူ့ကို မူလတန်းကလေးထောင်ပေါင်းများစွာက တစ်ခဲနက်အားပေးခဲ့ကြပါတယ်။

ရော်နယ်လ်ဒိုက ပြည်တွင်းလူငယ်ကစားသမားတွေကို ထောက်ပံ့ပေးနေတဲ့ Singapore Olympic Foundation – Peter Lim Scholarship ရဲ့ အရေးပါတဲ့ကိုယ်စားပြုသူတစ်ဦးအနေနဲ့ Yumin မူလတန်းကျောင်းကို လာရောက်ခဲ့တာပါ။ ကျောင်းအနီးနားက Chongzheng မူလတန်းကျောင်းက ကျောင်းသား/ကျောင်းသူတွေလည်း အဲဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

အသက် (၃၄) နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုက ကျောင်းသား/ ကျောင်းသူတွေကို အားကစားမှာထူးချွန်အောင်ကြိုးစားဖို့ တွန်းအားပေးခဲ့ပါတယ်။ အမေးအဖြေကဏ္ဍမှာ “စိတ်မကြည်တဲ့အခါမျိုးမှာလည်း လေ့ကျင့်ရေးဆင်းရလား”လို့ ကျောင်းသားတစ်ယောက်က သူ့ကိုမေးခဲ့တဲ့အခါမှာ “အချိန်တိုင်းလေ့ကျင့်ရပါတယ်။ ပျော်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မင်း လေ့ကျင့်နေရမယ်။ အာရုံစိုက်နေရမယ်” လို့ ရော်နယ်လ်ဒိုက ဖြေခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်လ်ဒိုက ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုတွေပြုလုပ်ရတာကိုပျော်ကြောင်း “အခုဆို ကျွန်တော် အီတလီမှာ။ ဒါက မတူတဲ့ခရီးတစ်ခု၊ မတူတဲ့အဖွဲ့တစ်ခု၊ မတူတဲ့လိဂ်တစ်ခုပါ။ ကျွန်တော် အင်္ဂလန်ကနေ စပိန်ကို ပြောင်းခဲ့တယ်။ အခု အီတလီမှာပါ။ ဇုန်တစ်ခုတည်းမှာ သက်တောင့်သက်သာဖြစ်နေရတာမကြိုက်ဘူး၊ အခြားအရာတွေကိုလည်း ကြိုးစားကြည့်ရတာကိုကြိုက်တယ်” လို့ ပြောပါတယ်။

သူ့ရဲ့စကားတွေက ကျောင်းသားတော်တော်များများကို ခွန်အားဖြစ်စေခဲ့ပါတယ်။ “ဒီလိုဘောလုံးစတားတစ်ယောက်ကိုတွေ့ခဲ့ရတာက အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ သူ့ရဲ့အတွေ့အကြုံတွေကို ပြောတယ်။ လုပ်ချင်တဲ့အရာမှန်သမျှ ဖြစ်လာနိုင်ကြောင်း ကျွန်တော်တို့ကိုအားပေးခဲ့တယ်”လို့ (၆) တန်းကလေးတစ်ယောက်က ဆိုခဲ့ပါတယ်။

Ref: CNA “Juventus football star Cristiano Ronaldo visits Yumin Primary School”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top