အံ့အားသင့်စရာ 3D ပုံရိပ်ဖန်တီးမှုကြောင့် ထင်ပေါ်ကျော်ကြားတဲ့ တရုတ်လူငယ်

20.9.2024-yyl-5.jpg

တရုတ်လူငယ် အနုပညာရှင်တစ်ဦးကတော့ အံ့အားသင့်လောက်စရာ အသေးစိတ်ကျတဲ့ 3D ပုံရိပ်တွေ ရေးဆွဲဖန်တီးမှုကြောင့် ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ နေထိုင်တဲ့ လီကျားယုဟာ လျှပ်စစ်အင်ဂျင်နီယာ ပညာရပ်ကို အထူးပြုသင်ယူနေသူဖြစ်ပေမဲ့ အနုပညာကို ဝါသနာထုံသူပါ။ သူဟာ အမြင်အာရုံ လှည့်စားနိုင်တဲ့ ပုံရိပ်တွေဖန်တီးဖို့ အချိန်ပြည့်နီးပါး တွေးနေတတ်သူဖြစ်ပြီး သစ်ပင်တွေ၊ လမ်းမီးတိုင်တွေ၊ အဆောက်အအုံတွေမှာ အဲဒီပုံရိပ်တွေကို ရေးဆွဲဖန်တီးလေ့ရှိပါတယ်။

သူ့ရဲ့ဖန်တီးမှုတွေကြောင့် တရုတ်နိုင်ငံသုံး TikTok ဗားရှင်း Douyin မှာ နာမည်ရလာတဲ့ လီကျားယုဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ရုပ်သံအစီအစဉ်မှာပါ ဖော်ပြခံခဲ့ရပါတယ်။ လီကျားယုဟာ သူ့မျိုးဆက်ရဲ့ 3D ပုံရိပ်ဖန်တီးသူတွေကြားမှာ ပါရမီအရှိဆုံး အနုပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။

Ref: Talented Chinese Artist Creates Fascinating Optical Illusions
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top