၉/၁၁ မှာ ကျဆုံးခဲ့တဲ့လေကြောင်းလိုင်းဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မိုင် ၂၀၀ ကျော် ခြေလျင်ခရီးနှင်ခဲ့သူ

10-9-2021-yyl1.png

အငြိမ်းစားလေယာဉ်အမှူထမ်းဖြစ်တဲ့ ပေါလ် ဗီနက်တို (Paul Veneto) ဆိုသူက သြဂုတ်လ ၂၁ ရက်နေ့မှာ ဘောစတွန်ကနေ နယူးယောက်ကို ထွက်ခွာခဲ့ပါတယ်။ သူက ဘောစတွန်ကနေ နယူးယောက်ကို လေယာဉ်နဲ့ သွားတာတော့မဟုတ်ပါဘူး။ နယူးယောက်ကို ရောက်ဖို့အတွက် အဖျော်ယမကာတွန်းလှည်းကို တွန်းရင်းနဲ့ မိုင် ၂၀၀ ကျော် ခြေလျင်ခရီးနှင်ခဲ့တာပါ။ သူ ဘာလို့ ခြေလျင် ခရီးနှင်ခဲ့တာလဲဆိုရင် အကြောင်းအရင်းရှိပါတယ်။ ၉/၁၁ (စက်တင်ဘာ ၁၁ ) ရက်နေ့မှာ အသက်ပေးလိုက်ရတဲ့ လေကြောင်းလိုင်းအဖွဲ့သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ခရီးနှင်ခဲ့တာပါ။

၉/၁၁ (စက်တင်ဘာ ၁၁) ရက်နေ့က အကြမ်းဖက်သမားတွေ ခရီးသည်တင်လေယာဉ် (၄) စင်းကို ပြန်ပေးဆွဲခဲ့တဲ့နေ့ပါပဲ။ အဲဒီနေ့မှာ လေယာဉ် (၄) စင်းမှာ လိုက်ပါလာခဲ့တဲ့ လေကြောင်းလိုင်းဝန်ထမ်းတွေအပါအဝင် ခရီးသည်တွေလည်း အသက်ပေးဆပ်ခဲ့ရပါတယ်။ ပေါလ်က အဲဒီနေ့မှာ အသက်ပေးလိုက်ရတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ခြေလျင်ခရီးနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ပေါလ်ဟာ ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ မနက်ခင်းက United Flight 175 ထွက်ခွာခဲ့တဲ့ Logan International Airport ကနေ သြဂုတ်လ ၂၁ ရက်နေ့မှာ ခရီးစတင်ခဲ့ပါတယ်။ ၁၉၈၁ခုနှစ်မှာ လေယာဉ်အမှူထမ်းဖြစ်လာခဲ့တဲ့ ပေါလ်က အဲဒီလေဆိပ်မှာပဲ အလုပ်လုပ်ကိုင်ခဲ့တာပါ။၂၀၀၁ခုနှစ် စက်တင်ဘာ၁၀ နေ့မှာတော့ ဘောစတွန်က နေအိမ်ကို ပြန်သွားခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ Logan International Airport မှာ သူမရှိခဲပါဘူး။ သူ အလုပ်မှာမရှိတဲ့နေ့မှာပဲ Flight 175 ကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲခဲ့ပြီး နယူးယောက်မြို့က World Trade Center ကို ဝင်တိုက်ပစ်ခဲ့ကြပါတယ်။

ပေါလ်က အဲဒီတုန်းက ဘယ်လိုခံစားခဲ့ရလဲဆိုတာကို အခုလိုပြန်ပြောပြခဲ့ပါတယ်။ “ကျွန်တော် အရမ်းထိတ်လန့်နေခဲ့တယ်။ အဲဒီလေယာဉ်က 175 ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်တော် အဲဒီလုပ်ဖော်ကိုင်ဖက်တွေနဲ့ သိတယ်ဆိုတာ ကျွန်တော်သိလိုက်ရတယ်။ အိပ်မက်လိုပဲ မယုံကြည်နိုင်တဲ့ ခံစားချက်ကြီးပါပဲ” လို့ ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ လေကြောင်းလိုင်းဝန်ထမ်းတချို့နဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့ ပေါလ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အမြဲတမ်း ဂုဏ်ပြုပေးချင်ခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်ပြန်ပေးဆွဲပြီး အကြိမ်းဖက်တိုက်ခိုက်မှု အနှစ် ၂၀ ပြည့်မှာ ပေါလ်က ဒီခရီးနှင်ဖို့ မစီစဉ်ခဲ့ပေမဲ့ လုပ်ဖြစ်သွားခဲ့ပါတယ်။

၉/၁၁ ပြီးတဲ့နောက်မှာ ပေါလ်က မူးယစ်ဆေးဆွဲခဲ့တာပါ။ အခုနှစ်မှာတော့ နယူးယောက်မြို့ဆီ မိုင် ၂၀၀ ကျော် ခြေလျင်ခရီးနှင်ဖို့ ကျန်းမာရေးကောင်းသလို ခံစားရတယ်လို့ ပေါလ်က ပြောပါတယ်။ ပေါလ်က နယူးယောက်မြို့ရဲ့ World Trade Center ဆီ စက်တင်ဘာ ၁၁ ရက်နေ့ အရောက်သွားဖို့ အစီအစဉ်ဆွဲထားတာပါ။ “အဲဒီနေ့က သူတို့ရဲ့ဟီးရိုးဆန်တဲ့လုပ်ရပ်ကို ကျွန်တော်တို့အားလုံး အသိအမှတ်ပြုတယ်” ဆိုတာကို အသက်ပေးလိုက်ရတဲ့သူတွေရဲ့မိသားစုဝင်တွေကို သိစေချင်တယ်လို့ ပေါလ်က ဆိုပါတယ်။

အဖျော်ယမကာတွန်းလှည်းကိုတွန်းဖို့စိတ်ကူးက လွယ်လွယ်ကူကူရောက်လာခဲ့တာလို့ ပေါလ်က ပြောပါတယ်။ “ကျွန်တော် အဲဒါကို အချိန်တိုင်းပြောတယ်။ ကျွန်တော်က တွန်းလှည်တွန်းတဲ့ သူတစ်ယောက်ပါပဲ။ ဒီလောက်ပါပဲ။ အဲဒါနဲ့ ကျွန်တော် အဆင်ပြေတ်။ ကျွန်တော် တွန်းလှည်တွန်းတော့ လူတိုင်းက ကျွန်တော်နဲ့အတူ ဓာတ်ပုံရိုက်ချင်ကြတယ်။ သူတို့တွေက သူတို့ရဲ့မိသားစုဝင်နဲ့ သူငယ်ချင်းတွေကို ပြန်ပြောပြကြတယ်ဆိုတာ ကျွန်တော် သိတယ်။ သူတို့တွေကတဆင့် အသက်ပေးလိုက်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မိသားစုဝင်တွေဆီ ရောက်မယ်ဆိုတာ ကျွန်တော်သိလို့ပါ” လို့ ပေါလ်က ဆိုပါတယ်။

လူတွေက ပေါလ်ရဲ့ခရီးစဉ်ကို အွန်လိုင်းပေါ်ကနေ မြင်တွေ့ရသလို သူ ခရီးနှင်ရာလမ်းတစ်လျှောက်မှာလည်း သူ့ကို လူတွေက ဆုံမိကြပါတယ်။ ပေါလ်က လမ်းမှာတွေ့တဲ့သူတွေကို ငွေလှူဒါန်းဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။ လှူဒါန်းငွေတစ်ဝက်ကို အသက်ပေးဆပ်လိုက်ရတဲ့ လေကြောင်းလိုင်းဝန်ထမ်းတွေကို ရည်စူးပြီး ဖောင်ဒေးရှင်းတွေမှာ လှူဒါန်းမှာဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကိုတော့ မူးယစ်ဆေးစွဲနေတဲ့သူတွေကို ပြန်ကောင်းအောင် ကူညီပေးတဲ့ Power Forward မှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Ref: CBSNews”This retired flight attendant is walking from Boston to New York while pushing an airline beverage cart to honor his fallen colleagues on 9/11″

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top