တောင်တက်ခရီးမှာ ဆုံခဲ့တဲ့ သူစိမ်းအတွက် ကျောက်ကပ်လှူပေးခဲ့တဲ့ အမျိုးသမီး

30.9.2024-yyl-7.jpg

အမေရိကန်နိုင်ငံ ယူတားပြည်နယ်မှ အမျိုးသမီးတစ်ယောက်ဟာ တောင်တက်ခရီးမှာ ဆုံခဲ့တဲ့ သူစိမ်းတစ်ယောက်အတွက် သူ့ကျောက်ကပ်တစ်ခြမ်းကို လှူဒါန်းပေးခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ်ရှိတဲ့ ခရစ်စီမီလာဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ယူတားပြည်နယ်မှာရှိတဲ့ Y Mountain တောင်ကို တက်ရင်း ရှီလာဂျိုးဆက်နဲ့ ဆုံခဲ့တာပါ။ ခရီးလမ်းတစ်လျှောက် စကားပြောကြရင်း ဂျိုးဆက်က ကျောက်ကပ်အစားထိုး ခွဲစိတ်မှုလုပ်ဖို့ ကျောက်ကပ်အလှူရှင် စောင့်ဆိုင်းနေရသူမှန်း မီလာ သိသွားခဲ့တာပါ။

အဲဒီနောက်မှာတော့ ကလေး ၄ ယောက်မိခင် မီလာက ဂျိုးဆက်အတွက် သူ့ရဲ့ကျောက်ကပ်တစ်ခြမ်း လှူဒါန်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီး အစားထိုး ခွဲစိတ်မှုလုပ်ဖို့ ကိုက်ညီခြင်း ရှိ၊ မရှိ စစ်ဆေးရာမှာလည်း ကိုက်ညီမှုရှိနေတာ တွေ့လိုက်ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးနောက် မာရေးမြို့မှာရှိတဲ့ Intermountain Health ဆေးရုံမှာ သူတို့နှစ်ယောက် ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။ ကျန်းမာရေး ပိုမိုကောင်းမွန်လာပြီး ဘဝမျှော်လင့်ချက် ပိုခိုင်မာလာတဲ့ ဂျိုးဆက်ကတော့ မီလာရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုအတွက် အလွန်ကျေးဇူးတင်လျက် ရှိပါတယ်။

Ref: A Hike To Remember: Utah Woman Donates Kidney To Stranger She Met On Y Mountain
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top