ကျောင်းကားမီးလောင်စဉ်အတွင်း နောက်ဆုံးထွက်သက်တဲ့အထိ တာဝန်ကျေခဲ့တဲ့ ဆရာမလေး

2.10.2024-yyl-1.jpg

စက်တင်ဘာ၁ ရက်နေ့က ထိုင်းနိုင်ငံမှာ ကြေကွဲဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသား/သူနဲ့ ဆရာမအပါအဝင် အယောက် ၄၀ ကျော်လိုက်ပါပြီး လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းကားဟာ ဘန်ကောက်မြို့မြောက်ပိုင်းဆင်ခြေဖုံးရှိ အဝေးပြေးလမ်းမမှာ မီးလောင်သွားခဲ့တာပါ။ လေ့လာရေးခရီးလိုက်ပါလာခဲ့တဲ့ ကလေးတွေက သူငယ်တန်းအရွယ်ကနေ အသက် ၁၂ ကျော်အရွယ်ကျောင်းသား/သူတွေပါ။

အဲ့ဒီကျောင်းကားမီးလောင်မှုကြောင့် ကျောင်းသား/သူ အယောက် ၂၀ နဲ့ ဆရာမ ၃ ဦးသေဆုံးသွားခဲ့ပါတယ်။ ဝမ်းနည်းဖွယ်အသက်ဆုံးရှုံးခဲ့ရတဲ့ ဆရာမ ၃ ဦးထဲမှာ ဆရာမ Kanokwan Sripong ဟာဆိုရင် နောက်ဆုံးထွက်သက်တဲ့အထိ ဆရာမတာဝန်ကိုကျေပွန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆရာမ Kanokwan ရဲ့ရုပ်အလောင်းကိုတွေ့တော့ မီးဒဏ်ကနေ ကလေးတစ်ဦးကို ကာကွယ်ဖို့အတွက် ကလေးကိုပွေ့ဖက်ထားခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ပြောစကားအရ သိရပါတယ်။ သူဟာ နောက်ဆုံးအချိန်အထိ သူ့ရဲ့ကျောင်းသား/သူတွေကို ကာကွယ်ပေးသွားခဲ့တာပါ။

ဆရာမ Kanokwan ဟာ စက်တင်ဘာလကမှ ဘွဲ့ယူထားတယ်လို့လည်း သိရပါတယ်။

Ref: Teacher was found holding a child in her arms during School bus caught fire

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top