ဘဝမှာ တစ်ကြိမ်လောက်အဖမ်းခံဖူးချင်နေတဲ့ အဘွားအိုရဲ့ဆန္ဒပြည့်ဝခဲ့

montage_arrest-grandmam.jpg

အင်္ဂလန်နိုင်ငံက ရဲအရာရှိတွေဟာ ဘာပြစ်မှုမှမကျူးလွန်ထားတဲ့ အသက် (၉၃) နှစ်အရွယ် ဂရန်း ဂျိုစီ (Gran Josie) ဆိုတဲ့ အဘွားအိုတစ်ဦးကို ၎င်းရဲ့သဘောဆန္ဒအရ ဖမ်းဆီးပေးခဲ့ကြရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဘွားအိုရဲ့မြေးဖြစ်သူ ပန်စမစ် (Pam Smith) က “ကျွန်မအဘွား ကိုလာဖမ်းပေးလို့ အများကြီးကျေးဇူးတင်ပါတယ်။ သူ(မ)က အသက် (၉၃) နှစ်ရှိပါပြီ။ ကျန်းမာရေးလည်းမကောင်းတော့တာမို့ သူ(မ) ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ဘဝမှာ တစ်ခါလောက်အဖမ်းဆီးခံဖူးချင်တဲ့ဆန္ဒကို အချိန်မလွန်ခင် ဖြည့်ဆည်းပေးချင်ပါတယ်။ ဒီနေ့ သူ(မ) အရမ်းပျော်နေပါတယ်” ဆိုပြီး တွစ်တာစာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ဂျိုစီက “ကျွန်မဘဝတစ်လျှောက်လုံး ကောင်းတာတွေ အများကြီးလုပ်ခဲ့ပြီးပြီမို့ ဒီလိုအမှတ်တရမျိုးလေးတော့ ရှိချင်တယ်။ မှတ်မိနေချင်တယ်” လို့ဆိုပါတယ်။

သမရိုးကျတိုင်စာတွေနဲ့မတူ ထူးခြားနေတဲ့စာတစ်စောင် ရဲစခန်းကိုရောက်ရှိလာခဲ့ပြီး အဲဒီစာထဲမှာ အသက် (၉၃) နှစ်အရွယ်အဘွားအိုတစ်ဦးက သူ့ဆန္ဒအလျောက် အဖမ်းဆီးခံဖူးချင်နေတဲ့အတွက် လာဖမ်းဆီးပေးဖို့ အကူအညီတောင်းထားတာကို ရဲအရာရှိတွေတွေ့ခဲ့ရတာဖြစ်ပါတယ်။

 

အခုတော့ ရဲတွေကလည်း အဘွားအိုရဲ့ဆန္ဒအတိုင်း ဖြည့်ဆည်းကူညီပေးနိုင်ခဲ့လို့ ဝမ်းသာနေပြီး သက်ကြီးရွယ်အိုတစ်ဦး သူ(မ)မသေခင်လုပ်ဖူးချင်တဲ့ဆန္ဒကို ပြည့်ဝအောင် ကူညီပေးနိုင်တဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုခဲ့ကြပါတယ်။

Ref: 9Gag “Woman, 93, Arrested As A Bucket List Wish After Being “Good All Her Life”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top