လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က လျှောက်ထားတဲ့ အလုပ်လျှောက်စာကို ပြန်လည်ရရှိခဲ့သူ

8.10.2024-yyl-၅.jpg

ဗြိတိန်အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က လျှောက်ထားတဲ့ အလုပ်လျှောက်စာကို ပြန်လည်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် ၇၀ အရွယ်ရှိတဲ့ အမျိုးသမီး တိုင်ဇီဟော့ဒ်ဆန်ဟာ ၁၉၇၆ ခုနှစ် ဇန်နဝါရီလက ဆိုင်ကယ်စတန့်သမားအလုပ် လျှောက်ဖို့ စာတိုက်ကနေ အလုပ်လျှောက်စာ ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာဟာ စာတိုက်မှာ ပျောက်သွားခဲ့ပြီး လိပ်မူထားတဲ့ နေရာကို မရောက်ခဲ့ပါဘူး။

” အလုပ်လျှောက်ထားတာ ဘာလို့ပြန်စာမရတာလဲလို့ တွေးနေတာ။ အခုမှပဲ ဖြစ်ကြောင်းကုန်စင် သိရတော့တယ်”လို့ တိုင်ဇီဟော့ဒ်ဆန်က ဆိုပါတယ်။ သူ့ထံ ပြန်ရောက်လာတဲ့ စာအိပ်ပေါ်မှာ ” စတိန်းစာတိုက်က စာပို့နောက်ကျသွားတာပါ။ အံ့ဆွဲထဲမှာ ပြန်တွေ့လို့ပါ။ နှစ် ၅၀ နောက်ကျသွားပါတယ်”လို့ ရေးထားပါတယ်။

တိုင်ဇီဟော့ဒ်ဆန်ဟာ ဆိုင်ကယ်စတန့်သမားအလုပ်မရခဲ့ပေမဲ့ စိတ်လှုပ်ရှားမှုကို ခုံမင်တဲ့ သူ့ဝါသနာကို မစွန့်လွှတ်ခဲ့ဘဲ မြွေဖမ်းသမား၊ အလှပြလေယာဉ်မှူး၊ လေကြောင်းသင်တန်းနည်းပြ အလုပ်တွေ လုပ်ခဲ့ပါတယ်။

Ref: Mailed job application returned to woman after nearly 50 years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top