ကလေးလူနာတွေအတွက် ကုသစရိတ် ဒေါ်လာ ၂ သိန်းကျော် လှူဒါန်းခဲ့တဲ့ မင်းသားချော Byeon Woo Seok

7.11.2024-yyl-1.jpg

တောင်ကိုရီးယားမင်းသားချော Byeon Woo Seok ဟာ ကလေးလူနာတွေ ကုသနိုင်ဖို့အတွက် Severance Hospital မှာ ဝမ်သန်း ၃၀၀ ( ခန့်မှန်းခြေ ဒေါ်လာ၂၁၇၅၃၃) ကို တိတ်တဆိတ်လှူဒါန်းခဲ့တယ်လို့ သတင်းမီဒီယာတစ်ခုက နိုဝင်ဘာ ၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

Severance Hospital ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း “ရက်ရက်ရောရောလှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကလေးလူနာများစွာက ကုသမှုခံယူနိုင်တော့မှာဖြစ်တယ်”လို့ ကျေးဇူးတင်ရှိထားပါတယ်။

ထွက်ရှိလာတဲ့သတင်းနဲ့ပတ်သက်ပြီး Byeon Woo Seok ရဲ့အေဂျင်စီ VARO Entertainment က “Byeon Woo Seok လှူဒါန်းခဲ့တာ မှန်ပါတယ်။ ဒါက သူ့ရဲ့ကိုယ်ရေးကိုယ်တာအရ လှူဒါန်းခဲ့တာပါ”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

မင်းသား Byeon Woo Seok က အခုနှစ်ရဲ့ Lovely Runner ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးနောက် တဟုန်ထိုးနာမည်ကြီးလာခဲ့တာပါ။ ဒီဇာတ်လမ်းတွဲပြီးတဲ့နောက်မှာလည်း နိုင်ငံ ၈ နိုင်ငံမှာ Asia Fan Meeting Tour ကျင်းပခဲ့ပါတယ်။ မကြာသေးခင်ကမှ သူဟာ အီတလီဇိမ်ခံဖက်ရှင်တံဆိပ် Prada အတွက် Brand Ambassador အသစ်လည်းဖြစ်ခဲ့ပါတယ်။

Ref: Byeon Woo Seok Makes Heartfelt Donation Of 300 Million Won For Treatment Of Child Patients

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top