ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မီးအကြီးအကျယ် လောင်ကျွမ်းလို့ လူ (၇၈) ယောက် သေဆုံး

in4.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမှာရှိတဲ့ သမိုင်းဝင်ခရိုင်မှာ ကူးစက်ပျံ့နှံ့လွယ်တဲ့ မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ (၇၈) ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ဒေသစံတော်ချိန် (၁၁) နာရီ (၄၀) မိနစ်အချိန်က ချောက်ဘဇာခရိုင်က လူနေအဆောက်အအုံမှာ မီးလောင်ကျွမ်းခဲ့တာပါ။ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတွေ သိမ်းဆည်းထားတဲ့ မြေညီထပ်ကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဂတ်စ်အိုးပေါက်ကွဲမှုတွေကြောင့် မီးအရှိန် ပိုကောင်းခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနောက်မှာ တခြားအဆောက်အအုံ (၃) လုံးထံ မီးကူးစက်သွားခဲ့ပါတယ်။

ရာစုနှစ်နဲ့ချီပြီး တည်ရှိခဲ့တဲ့ ချောက်ဘဇာခရိုင်မှာ လမ်းတွေက ကျဉ်းမြောင်းပြီး အဆောက်အအုံတွေကလည်း တစ်ခုနဲ့ တစ်ခု အရမ်းကပ်လွန်းပါတယ်။ အဲဒီအတွက် မီးငြှိမ်းသတ်ရာမှာ မီးသတ်သမားတွေ အခက်အခဲတွေ့ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ မင်္ဂလာပွဲပါတီ ဆင်နွှဲနေသူတွေလည်း ပါဝင်ပါတယ်။

လူဦးရေ ထူထပ်လွန်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဆောက်အအုံကြီးတွေ မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လူရာနဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top