အက်တမ် (ATOM) သည် Great Place to Work® ၏ ဝန်ထမ်းများ၏စိတ်ကျေနပ်မှုရလဒ် (employee satisfaction score) ၈၅ ရာခိုင်နှုန်းရရှိ
အက်တမ် (ATOM) သည် Great Place to Work® အသိအမှတ်ပြုလက်မှတ်ရရှိရန် ကြိုးပမ်းမှု ခရီးစဉ်တွင် မိမိတို့၏ ဝန်ထမ်းများကို ဦးစားပေးကာ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် ယဉ်ကျေးမှုကို ကျင့်သုံးခဲ့
ဝန်ထမ်းများ၏ အောင်မြင်တိုးတက်မှုနှင့် ပိုမိုကောင်းမွန်သော စံပြလုပ်ငန်းခွင်တစ်ခုအဖြစ် ဆက်လက်ဖော်ဆောင်ရန် ရည်ရွယ်
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ကာလအပိုင်းအခြားအတွက် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုအဖြစ် Great Place to Work® ၏ တရားဝင်အသိအမှတ်ပြုခံရကြောင်းကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အသိပေးအပ်ပါသည်။ အက်တမ် (ATOM) သည် ဝန်ထမ်းများ၏စိတ်ကျေနပ်မှုရလဒ် ၈၅ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ဤကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် အက်တမ် (ATOM) ၏ ဝန်ထမ်းများအလုံးစုံတိုးတက်မှုကို ပံ့ပိုးနိုင်သည့် လူမှုအသိုင်းအဝန်းဦးစားပေးလုပ်ငန်းခွင်ယဉ်ကျေးမှုတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက် နေမှုအတွက် အဓိကကျသောမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းဖြစ်ပါသည်။
ဤကဲ့သို့ အသိအမှတ်ပြု လက်မှတ်ရရှိခြင်းသည် ဝန်ထမ်းတစ်ဦးနှင့်တစ်ဦးတန်ဖိုးထားဆက်ဆံပြီး လက်တွဲညီသောလုပ်ငန်းခွင်တစ်ခု ဖန်တီးတည်ဆောက်ရန် ကြိုးပမ်းနေသည့် အက်တမ် (ATOM) ၏ အားထုတ်မှုကို သက်သေပြနေခြင်း ဖြစ်ပါသည်။ Great Place to Work® အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ စစ်တမ်းကောက်ယူမှုကို ဝန်ထမ်း ၉၈ ရာခိုင်နှုန်း က တက်ကြွစွာ ဝင်ရောက်ဖြေဆိုခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ၎င်းတို့၏ စိတ်ပါဝင်စားမှုကို သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ စစ်တမ်းကောက်ယူမှုတွင် ဝန်ထမ်းအများအပြား ပါဝင်ဖြေဆိုခဲ့ခြင်းမှာ ဝန်ထမ်းအားလုံး၏ တစ်ညီတစ်ညွတ်တည်း စုပေါင်းတည်ဆောက်ထားသော လုပ်ငန်းခွင်ယဉ်ကျေးမှုအပေါ် ထားရှိသည့် ဂုဏ်ယူစိတ်နှင့် ကတိကဝတ်ကို ထင်ဟပ်နေစေပါသည်။
အက်တမ် (ATOM) သည် ဝန်ထမ်းအချင်းချင်းလေးစားကာ ရိုင်းပင်းကူညီတတ်သည့် အသင်းအဖွဲ့ စိတ်ဓာတ်ရှိသော စံတန်ဖိုးများ၊ လုပ်ငန်းခွင်ယဉ်ကျေးမှုများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် မြန်မာ့ အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုအဖြစ်ရပ်တည်ရန် ရည်ရွယ်ပါသည်။ ဝန်ထမ်းများ၏ အလုံးစုံတိုးတက် အောင်မြင်မှုကို ဦးစားပေးလျက် ပိုမိုကောင်းမွန်ပြီး သမမျှတသော လုပ်ငန်းခွင်ဖြစ်လာစေရန် မကြာသေးမီက ဝန်ထမ်းများဦးဆောင်သော အလုပ်ခွင်ယဉ်ကျေးမှုကို ပိုမိုကောင်းမွန်စေပြီး ဝန်ထမ်းတိုင်းပါဝင် လုပ်ဆောင်နိုင်သည့်လှုပ်ရှားမှု တစ်ခုဖြစ်သည့် “ကျွန်ုပ်တို့၏အပြုအမူ၊ ကျွန်ုပ်တို့၏ယဉ်ကျေးမှု” အစီအစဉ်များအပြင် ဝန်ထမ်းထိတွေ့ဆက်ဆံမှု ပုံမှန်စစ်တမ်းကောက်ယူခြင်း၊ အခြားအသင်းအဖွဲ့စိတ်ဓါတ် တည်ဆောက်ရေး လှုပ်ရှားမှုများကို ပြုလုပ်ပံ့ပိုးပေးထားပါသည်။
အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က “Great Place to Work® ရဲ့ အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါ တယ်။ ဒီအသိအမှတ်ပြုမှုဟာ ကျွန်တော်တို့ကြိုးစားတည်ဆောက်နေတဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကိုထင်ဟပ်နေတာကြောင့် ကျွန်တော်တို့အားလုံးအတွက် အင်မတန်မှအဓိပ္ပါယ်ရှိပါတယ်။ ဒါဟာ အက်တမ် (ATOM) က ဝန်ထမ်းတွေအားလုံး အတူတူကြိုးစားတည်ဆောက်ထားတာကို အသိအမှတ် ပြုတာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအားလုံး ပိုမိုတိုးတက်ရုံသာမက တီထွင်ဆန်းသစ်မှုရှိပြီး လုပ်ပိုင်ခွင့် အပြည့်အဝရှိတဲ့ အောင်မြင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာအောင် ဆထက်တပိုးတိုးကြိုးစားဖို့ စိတ်ခွန်အား ပေးရာလည်း ရောက်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
Great Place to Work® အသိအမှတ်ပြုလက်မှတ်သည် လူတိုင်းပါဝင်နိုင်သော လုပ်ငန်းခွင်တစ်ခု ဖန်တီးရာတွင် အက်တမ် (ATOM) မှကျင့်သုံးနေသည့် စံတန်ဖိုးများဖြစ်သော ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှု၊ တစ်ဦးပေါ်တစ်ဦးလေးစားမှုနှင့် စွမ်းဆောင် နိုင်မှုတို့ကို ထင်ဟပ်စေပါသည်။ အက်တမ် (ATOM) အနေဖြင့် ဝန်ထမ်းအားလုံး တစ်ဦးနှင့်တစ်ဦးလေးစား တန်ဖိုးထားဆက်ဆံကြပြီး အောင်မြင်တိုးတက်မှုအတွက် ကူညီဖေးမသော ပတ်ဝန်းကျင် ကောင်းရှိသည့် လုပ်ငန်းခွင်တစ်ခုကိုဆက်လက် အကောင်အထည်ဖော်ဖန်တီးသွားမည်ဖြစ်ပါသည်။
Team (ရိုးရာလေး)