ထီပေါက်တဲ့ပိုက်ဆံနဲ့ ထီထပ်ထိုးပြီး ဒေါ်လာ ၃ သန်းဆု ဆွတ်ခူးခဲ့သူ

18.12.2024-yyl-၄.jpg

အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ်မှ အမျိုးသားတစ်ဦးဟာ ထီပေါက်တဲ့ ပိုက်ဆံနဲ့ ထီလက်မှတ် ထပ်ဝယ်ရာမှာ အမေရိကန်ဒေါ်လာ ၃ သန်းဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ ရက်ဒ်ကလစ်ဖ်မြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသားဟာ ပထမဆုံး ဝယ်ယူတဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၄၀ ဆု ပေါက်ခဲ့ပြီးနောက် ဒေါ်လာ ၃၀ တန် Break Fort Knox ခဲခြစ်ထီလက်မှတ် ထပ်မံဝယ်ယူခဲ့တာပါ။

” ခဲခြစ်ကြည့်လိုက်တော့ ဒေါ်လာအမှတ်အသားလေး စတွေ့တယ်။ ပြီးတော့ ၃ တစ်လုံး မြင်ရပြီး ထီဆုကြေး တစ်ခုလုံးကို တွေ့လိုက်ရချိန်မှာတော့ မူးမေ့မလိုတောင် ဖြစ်သွားတယ်။ ၂ ခါ၊ ၃ ခါလောက် ပြန်ရေကြည့်တယ်။ မယုံသေးလို့ app ကနေ Scan ဖတ်လိုက်တော့ ” ဂုဏ်ယူပါတယ်။ ဒေါ်လာ ၃ သန်းဆု ဆွတ်ခူးပါတယ်လို့ တွေ့လိုက်ရမှ တကယ်ကြီးပါလား ဖြစ်သွားတာ”လို့ သူက ဆိုပါတယ်။

ထီပေါက်တဲ့ ပိုက်ဆံနဲ့ အကြွေးတွေ ဆပ်မယ်၊ ခရီးတွေသွားမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားမယ်လို့ အစီအစဉ်ဆွဲထားကြောင်း သူက ပြောပါတယ်။

Ref: Man uses lottery winnings to buy another ticket, wins $3 million
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top