အမြင်အာရုံဆုံးရှုံးခဲ့ရပေမဲ့ သူ ​မြတ်နိုးတဲ့ အားကစားကို ပြန်လုပ်နိုင်တဲ့အထိ စိန်ခေါ်မှုတွေကို ကျော်လွှားခဲ့တဲ့ မျက်မမြင်စကိတ်ဘုတ်စီးသမား

21.3.2023-yyl-iamge-1.jpg

စကိတ်ဘုတ်စီးသမား ဂျက်စတင် ဘီရှော့ပ်ဟာ အသက် ၂၀ မှာ မျက်ကြည်လွှာအတွင်းက ဆဲလ်တွေကို ထိခိုက်စေခြင်းဖြင့် တဖြည်းဖြည်း အမြင်အာရုံပျောက်ကွယ်စေပြီး နောက်ဆုံးမှာ လုံးဝကန်းသွားသည်ထိ ဖြစ်နိုင်တဲ့ retinitis pigmentosa (RP)မျက်စိရောဂါကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။ RP အမျိုးအစားပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားကြပါတယ်။

ဘီရှော့ပ်အတွက်ကတော့ အသက်၂၅ နှစ်အရွယ်မှာတစ်​ပတ်အတွင်း အရာအားလုံးမှုန်ဝါးပြီးအရိပ်တွေထင်လာရင်း ဗဟိုအ​မြင်အာရုံဆုံးရှုံးမှုနဲ့ ရောဂါလက္ခဏာ စတင်ခဲ့တာပါ။ ဒါက စိတ်ပိုင်းဆိုင်ရာအရ ခက်ခဲတဲ့အချိန်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့အဖေဖြစ်သူက အားမလျော့ဘဲ ဘဝကို ထပ်ပြီးပုံဖော်ဖို့ တိုက်တွန်းခဲ့တယ်။

တုတ်ကောက်ကို အသုံးပြုပြီး ပိုမိုသက်တောင့်သက်သာဖြစ်လာစေဖို့နဲ့ သူ့ရဲ့ယုံကြည်မှုတည်ဆောက်ဖို့အတွက် ပတ်ဝန်းကျင်နဲ့အသားကျအောင်လုပ်တာ၊ ရွေ့လျားသွားလာတာကိုလေ့ကျင့်ခဲ့တယ်။ အိမ်အပြင်ထွက်ရတာကို သူ ကြောက်ရွံ့ခဲ့ရပေမဲ့ နောက်ဆုံးမှာ သူ့ရဲ့အကြိုက်နှစ်သက်ဆုံးအားကစားကို ပြန်လုပ်ခွင့်ရခဲ့တယ်။

အစပိုင်းမှာ ဘီရှော့ပ်က မျက်စိကွယ်တာဟာ သူ့ကို ကန့်သတ်ပစ်လိမ့်မယ်လို့ ထင်ခဲ့တာကြောင့် စကိတ်ဘုတ်စီးတာကို ရှောင်ခဲ့တယ်။ ဒါပေမဲ့ စကိတ်စီးရတာကို အရမ်းလွမ်းတာကြောင့် နောက်ထပ်ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါက စိန်ခေါ်မှုဖြစ်ပေမဲ့ သူ စကိတ်ဘုတ်ပြား​စီးနိုင်ဖို့အတွက် ကူညီပေးတဲ့ ကိရိယာတွေနဲ့ တဖြည်းဖြည်းအကျွမ်းတဝင်ဖြစ်လာခဲ့ပါတယ်။ သူ ချိန်ရွယ်ထားတဲ့နေရာရဲ့ ၂ ပေပတ်လည်အကွာအဝေးကို ပေးဖို့အတွက် သူကြားနိုင်တဲ့ ဆူညံသံကိုပြသတဲ့အသံအမှတ်အသားတစ်ခုကို အသုံးပြုပါတယ်။ သူ စကိတ်ဘုတ်ပြားပေါ်မှာ ရှိနေစဥ် သူနဲ့အတူ တွဲပါနေတဲ့ တုတ်ကောက်အပါအဝင် အစွပ်အမျိုးမျိုးနဲ့ တုတ်ကောက်တွေကိုလည်း အသုံးပြုပါတယ်။

အမြင်အာရုံချို့ယွင်းခြင်းဆိုတာက သွားလာနေထိုင်ဖို့ သာမန်လူထက် ပိုကြိုးစားရတာဖြစ်တယ်လို့ ဘီရှော့ပ်ကဆိုပါတယ်။ RP ရှိသူတွေက နေ့စဥ်လုပ်ငန်းဆောင်တာတွေအတွက် ကြိုးစားလုပ်ဆောင်နိုင်ရင် သူတို့နှစ်သက်တဲ့အားကစားသို့မဟုတ် ဝါသနာပါရာတွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်နိုင်တယ်လို့ သူ ယုံကြည်ထားပါတယ်။ အခုဆို ဘီရှော့ပ်က နိုင်ငံအတွင်း လက်ရွေးစင်စကိတ်ဘုတ်စီးသမား အယောက် ၄၀ ထဲမှာ တစ်ယောက်ဖြစ်နေပြီး ၂၀၂၁ ခုနှစ်က အမျိုးသားစကိတ်စီးပြိုင်ပွဲမှာ ပထမနေရာအနိုင်ရခဲ့ပါတယ်။ သူဟာ ၂၀၂၈ကျရင် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲထဲ ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref: Blind skateboarder who lost his vision at 25 overcomes challenges to return to the sport he loves

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top