အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းရဲ့ချစ်သူကောင်မလေး ကိတ် ကက်စီဒီဟာ လီယမ်ပိန်းရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုအတွက် အာဂျင်တီးနားရဲတပ်ဖွဲ့ကို ကူညီပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ကိတ်က သူ့ချစ်သူ လီယမ်ပိန်း မသေဆုံးခင် နှစ်ရက်အလိုမှာ အတူရှိခဲ့တာဖြစ်လို့ စုံစမ်းစစ်ဆေးမှုမခံယူခဲ့ရပါဘူး။ သူက အာဏာပိုင်တွေကို လီယမ်ပိန်းနဲ့ပတ်သက်ပြီးသက်သေထွက်ဆိုချက်တွေတော့ ပေးသွားမှာဖြစ်ပါတယ်။
ကိတ်က တရားမျှတမှုယူဆောင်လာပေးမယ့် အမှန်တရားဘက်တော်သားတွေကို လိုချင်တာပါ။ လီယမ်ပိန်းဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေက သူ့ကိုခြောက်လှန့်နေတုန်းပါပဲ။ လီယမ်ကို မူးယစ်ဆေးဝါးပေးတဲ့သူတိုင်းကို တရားစွဲသင့်တယ်လို့ ကိတ်ရဲ့နီးစပ်သူတစ်ဦးက ဆိုထားပါတယ်။
ရဲတပ်ဖွဲ့တွေက လီယမ်ရဲ့သူငယ်ချင်းရိုဂျာ နိုရက်စ်အပါအဝင် လူတော်တော်များများအပေါ် အာရုံစိုက်ကာစုံစမ်းနေပါတယ်။ ရိုဂျာကတော့ အခင်းမဖြစ်ပွားမီ လီယမ်ကို စွန့်ပစ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ “ကျွန်တော် လီယမ်ကို ဘယ်တုန်းကမှ ပစ်မထားခဲ့ဘူး။ အခင်းမဖြစ်ပွားခင် မိနစ် ၄၀ လောက်မှာ ကျွန်တော် ယိုတယ်က ထွက်သွားခဲ့တာ။ သူ အကောင်းအတိုင်းရှိနေခဲ့တာပါ”လို့ ရိုဂျာက ဆိုပါတယ်။
ဟိုတယ်ဝန်ထမ်းနဲ့ မူးယစ်ဆေးရောင်းချသူအပါအဝင် အခြားသံသယရှိသူတွေက အခုအချိန်ထိ မေးခွန်းထုတ်နေစဉ်အတွင်း နှုတ်ဆိတ်နေဖို့ အခွင့်အရေးကို ကျင့်သုံးခဲ့ပါတယ်။
ဆက်စပ်သတင်းဖတ်ရှုရန် – ဟိုတယ်ရဲ့ ၃လွှာကနေ ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း
https://yoyarlay.com/liam-payne-former-one-direction…/
လီယမ်ပိန်းသေဆုံးချိန်မှာ သူ့ခန္ဓာကိုယ်အတွင်း စိတ်ကြွဆေးများစွာ ရှိနေခဲ့တယ်လို့ သတင်းထွက်ရှိ
https://yoyarlay.com/liam-payne-had-multiple-drugs-in…/
One Direction အဖွဲ့ဝင်ဟောင်း အဆိုတော် လီယမ်ပိန်း သေဆုံးမှုနဲ့ဆက်စပ်ပြီး လူ ၃ ဦး တရားစွဲဆိုခံရ
https://yoyarlay.com/three-charged-in-one-direction…/
သေဆုံးပြီး ၁ လအကြာမှ ပြုလုပ်တဲ့ လီယမ်ပိန်းရဲ့နာရေး
https://yoyarlay.com/one-direction-stars-join-mourners…/
Ref: Liam Payne’s girlfriend Kate Cassidy ready to assist Argentina police in investigation
WL (ရိုးရာလေး)